Aug 25, 2013

ဝိညာဉ်ရေးရာသေနေခြင်း

ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကိုမခံသော အဖြစ်၌၎င်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့် အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်း အထုံးအဖွဲ့ နှင့် စပ်ဆိုင်သော လက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။ အထွဋိအမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။ (ကောလော ၂း၁၃-၁၅)


တစ်စုံတစ်ယောက်သည် ဝိညာဉ်ရေးရာတွင် သေဆုံး (သို့) အသက်ရှင်နေကြောင်း မည်သို့ သိနိုင်ပါမည်နည်း။

တစ်ခါက အသင်းတော် တစ်ခုမှ သင်းအုပ်ဆရာနှင့် အသင်းတော် လူကြီးများသည်။ ပန်းချီဆရာ တစ်ယောက်ကို သေဆုံးခါနည်း အသင်းတော်တစ်ခု၏ ပုံကို ရေဆွဲပုံဖော်ရန် ငှါးရမ်းခြင်း ခံရသည်။ ထိုသူသည် အတော်ကြာသော အခါ အသင်းတော်သို့ ပြန်လာည်ရောက်ရှိလာပြီး ရေးဆွဲပြီး ပုံများကို အပ်နှံလိုက်သည်။ ပထမ ပုံတစ်ပုံမှာ ခန့်ငြားထည်ဝါသော အမိုးချွန်ချွန်ကြီးနှင့် အဆောက်အဦးပုံကြီး၏ ပုံ၏ပုံကို ရေးဆွဲထားသည်။ ပုံတွင် လူမြောက်များစွာ သည် ဝတ်ကောင်း စားလှများဖြင့် တံခါးမှ ဝင်ရောက်နေပုံဖြစ်သည်။ နောက်တစ်ပုံမှာမူ အသင်းတော်၏ အတွင်း ပိုင်းတွင် ကောင်းမွန်သော ပရိဘောဂ တန်ဆာများ ရှိနေသည်သာမက တန်ဘိုးအလွန်တရာကြီးမားသော မီးပန်း ဆိုင်းကြီး များကိုလည်း ချိတ်ဆွဲထားသည်။ အခန်းထဲရှိ လူငယ် ဝတ်ပြုဆောင် ခန်းမကြီးထဲတွင် လူငယ်များက ခေတ်ပေါ် ပစ္စည်းများကို အသုံးပြုပြီး ဂိမ်းကစားနေကြသည်။ အခြား ပုံတစ်ခုတွင် `မိတ်သဟာရခန်းမဆောင်´ ထဲ တွင် ကောင်းမွန်သော ဖွယ်ဖွယ်ရာရာ စားသောက်စရာများ အပြည့် တင်ထားသည်။ ထိုင်နေသောသူတို့၏ ပန်းကန် များ ထဲတွင်လည်း စားသောက်စရာများက အပြည့် ဖြစ်နေသည်။

ထိုပုံများကို အသင်းတော်လူကြီးက မြင်သောအခါ `မင်းကို ဆွဲခိုင်းလိုက်တဲ့ပုံက သေခါနည်း အသင်းတော် တစ်ခုရဲ့ပုံကို ဆွဲခိုင်း လိုက်တာလေ´ `ငါတို့ မြော်လင့်ထားတာက အဆောက်အဦးကြီးက ပြိုပျက်ခါနီး ခြုံနွယ် ပိတ်ပေါင်း တွေ ကလည်း အပြည့်၊ တံခါးတွေက ကျိုးပျက်နေမယ်၊ အတွင်းပိုင်းမှာလည်း အရောင်မွဲခြောက် ခြောက်နဲ့ ရှုပ်ရှက် ခပ်နေတဲ့ အခန်း၊ ပရိဘောဂတွေ ကလည်း အားနည်းနေမယ်၊ စတဲ့ အရာတွေ ပါဝင်နေမယ် လို့မျှော်လင့်ထားတာ။ ဒါပေမဲ့ မင်းဆွဲလာတဲ့ပုံကလည်း အဲဒီလို မဟုတ်ပါလား။´

ထိုအခါ ပန်းချီးဆရာက ကျမ်းစာကို ဖွင့်ပြီး ဗျာဒိတ် ၃း၁ မှာ ရေးထားတဲ့ သွာဒိ အသင်းတော်အကြောင်းကို ဖတ်ပြ လိုက်ပါသည်။


သာဒိမြို့၌ရှိသောအသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူ၏ အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည်အသက် ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကိုငါသိ၏။ (ဗျာဒိတ် ၃း၁)


သူက ကျမ်းစာကို ရွတ်ဆိုလျှက်ပင် ဆက်လက်၍ သွာဒိ အသင်းတော်အကြောင်းကို ဆက်လက် ပြောခဲ့ပါသည်။ အသင်းတော် သေဆုံးသည် ဆိုသည်မှာ ဝိညာဉ်းရော သေခြင်းပင်ဖြစ်သည်။ ထိုအသင်းတော်တွင် ပြင်ပ လက္ခဏာ များ အားလုံး အပြည့်အစုံ ရှိနိုင်ပါသည်။ ထိုသွာဒိ အသင်းတော်သည် မြို့ထဲမှ အကောင်းဆုံး အဆောက်အဦး တစ်ခု ပင် ဖြစ်သည်။ ထိုအသင်းတော်မှ လူများသည် အားလုံး ဝတ်ကောင်းစားလှများ ရွှေငွေ တန်ဆာများ ရှိနိုင်ပါလိမ့် မည်။ သူတို့၏ သားသမီးများ၊ လူငယ်များတွင် ပျော်ရွှင်ဘွယ် အသက်တာ၊ ပြည့်စုံမှုများ ရှိနိုင်ပါသည်။ သူတို့၏ မိတ်သ ဟာရ ခန်းမကြီး ထဲတွင် အစားကောင်း အသောက်ကောင်းများ ရှိနိုင်ပါသည်။ သို့သော် အတွင်းထဲမှ လက် တွေ့အခြေအနေကို ကျမ်းစာမှ ဖေါ်ပြချက်အရဆိုလျှင် အသင်းတော်ဟာ သေနေသလား၊ အသက်ရှင်နေ သလား ဆိုသည်ကို သင်လက်တွေ့ ခန့်မှန်းနိုင်ပါလိမ့်မယ်။´ ဟု ပြောဆိုခဲ့ပါသည်။