Sep 27, 2018

လက်ဝါးကားတိုင်တော်

လက်ဝါးကပ်တိုင်ဆိုတာ ဘာလဲ။

          တချို့က သစ်သားနဲလုပ်ထားတဲ့ ကျွန်းသား၊ ပျဉ်းကတိုသား၊ ထင်ရှုးသားဆိုပြီး၊ အမျိုးမျိုး ထင်ကြေး ပေးကြပါတယ်။ အပြစ်သားများကို သေဒဏ်ပေးသောနေရာ၊ မကောင်းသောနေရာ၊ ရက်စက်သော နေရာ၊ မင်္ဂလာ မရှိသော နေရာဟု သတ်မှတ်ကြပါတယ်။ အချို့ကတော့ ထိုကဲ့သိုမဟုတ်။ အမြတ်တနိုး ထားကာ လည်၌ ဆွဲကြိုး အဖြစ် ၀တ်ဆင်ကြပါသည်။ တချို့က မကောင်းဆိုးဝါးများကို နှင်ထုတ်သော တံဆာအဖြစ် အသုံးပြကြပါသည်။ တချို့ လက်ဝါးကပ်တိုင်ကို အလှဆင်ခြင်း အားဖြင့်၊ မိမိတို့အိမ်၊ မိမိတို့၏ခြံ၊ မိမိတို့၏ အိမ်ရှေ့၌ထားခြင်းအားဖြင့် ကောင်းကြီးများ ၀င်လာမည်ဟု ထင်မြင်ကြပါသည်။

           ခရစ်တော် ပြောခဲ့သော လက်ဝါးကပ်တိုင်၊ ခရစ်တော် အသေခံခဲ့သော လက်ဝါးကပ်တိုင်သည် ထို အဓိပ္ပါယ်မျိုး ရှိသလား။ လက်ဝါးကပ်တိုင် ဆိုသော ထိုထက်မက အရေးကြီးသော အရာများ ရှိပါသည်။ ယေရှု ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အသေခံပြီးနောက် မဿဲ ၂၈း၁၈ တွင် ကောင်းကငှ်င့် မြေကြီးပေါ်၌ စီရင်ပိုင်သော အခွင့်တန်ခိုး ရှိသမျှတို့ကို ခရစ်တော်သည် ခံရကြောင်းကို ဖော်ပြခဲ့ပါသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်အားဖြင့် ကြီးမားသော အမှုကြီးကို ပြခဲ့ပါသည်။ ဒီကမ္ဘာ လောက လူသားများ အားလုံး ငရဲမှ လွတ်ရုံတင်မက ကြွယ်ဝ ပြည်စုံခြင်း၊ စာတန်၏ ဒုစရိုက် အပြစ်ကျွန် ဘ၀ မှာလည်း ထိုလက်ဝါးကပ်တိုင် အားဖြင့် အောင်နိုင်ခဲ့ပါသည်။

           သို့သော် ကျွန်ုပ်တို့ ယုံကြည်သုများသည် ထိုအခွင့်တန်ခိုးများကို ပိုင်ဆိုင်ထားသော ထိုဘုရားကို ရရှိ၊ ယုံကြည်လက်ခံ ထားပါသော်လည်း၊ လက်တွေ ဘ၀အသက်တာမှာ အကျိုးရှိစွာ ခံစားရမှု မရှိကြောင်းကို အသက်တာ၌ တွေရှိရပါသည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရပါသလဲ။

           ယနေယုံကြည်သူများသည် ခရစ်တော်၏ လက်ဝါးကပ်တိုင် တရား၏ အခွင့်အာဏာများကို မသိကြ၍ ဖြစ်ပါသည်။ ထိုကြောင့် အချက် ( ၃ ) ချက်အားဖြင့် အကျဉ်းချုပ်၍ ၀ိညာဉ်ခွန်အား ယူနိုင်ရန် အတွက် တိုက်တွန်း ဝေငှလိုပါသည်။


( ၁ ) လက်ဝါးကပ်တိုင်သည် တန်ခိုး ( ၁ကော ၁း၁၈ )

           မည်သူတို့ အတွက် တန်ခိုးဖြစ်ပါနည်း။ ကယ်တင်ခြင်းသို့ ရောက်သောသူများ တနည်းအားဖြင့် ခရစ်တော်ကို မိမိ၏ ကယ်တင် ပိုင်ရှင်အဖြစ် ယုံကြည် လက်ခံပြီးသောသူများ အတွက် ခရစ်တော်ပေးသော တန်ခိုး ဖြစ်ပါသည်။ လက်ဝါးကပ်တိုင်သည် ယုံကြည်သူတိုင်း တန်ခိုးဖြစ်ပါသည်။ ကျွန်တော်တို့ အားလုံးသည် တန်ဖိုးမရှိသောသူ အစွမ်းမရှိသောသူများ မဟုတ်ပါ ခရစ်တော်၏ လက်ဝါးကပ်တိုင် တန်ခိုးကို ပိုင်ဆိုင် ရရှိထားသော သူများဖြစ်ကြပါသည်။


          စာတန်သည် ထိုသမ္မာတရား တန်ခိုးကို မမြင်နိုင်အောင် စိတ်ပျက်စရာ အခြေနေများ အားဖြင့် လည်းကောင်း၊ အသိပညာ၊ အတတ်ပညာ နည်းပါးခြင်း အားဖြင့်လည်းကောင်း၊ ပစ္စည်းဥစ္စွာမ်းပါးခြင်း အားဖြင့် လည်းကောင်း၊ စာတန်သည် ကျွနုပ်တို့ အားလုံးကို လှည့်စားထားပါသည်။ သို့သော် ခရစ်တော်၏ လက်ဝါးကပ်တိုင် တန်ခိုးအားဖြင့် ကျွန်ုပ်တို့အားလုံး တန်ခိုးရှိသောသူ များဖြစ်ကြပါသည်။ ၂တိ ၁း၇-၈ တွင် ဘုရားသခင်ပေးသော တန်ခိုးအားဖြင့် ဧ၀ံဂေလိတရားကို ဟောပြောကြရန် တိုက်တွန်းထား ပါသည်။ ကျွန်တောတို့ အားလုံး သတင်းကောင်းကို ပြေိာုင်ဖို့ရန် လုံလောက်သော တန်ခိုး ရှိပြီးသောသူများ ဖြစ်ကြ ပါသည်။ သတင်းကောင်း ပြောရန် ခွန်းအားတောင်းနေစရာ၊ တန်ခိုးတောင်းနေစရာ မလိုပါ။ ဘုရားသခင်က တန်ခိုးကို ပေးပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့မှာ အားနည်းချက် မည်သို့ပင်ရှိသည် ဖြစ်စေ၊ ပညာမတတ်သည် ဖြစ်စေ၊ ပစ္စည်းဥစ္စာမရှိသည် ဖြစ်စေ၊ စကားပြောမကောင်းသည် ဖြစ်စေ၊ ဗဟုသုတ မကယ်သည် ဖြစ်စေ ဤအရာများသည် အဆီးအတားမဟုတ်ပါ။ ခရစ်တော်၏ လက်ဝါးကပ်တိုင် တန်ခိုးကို ရရှိပြီးသည့်အတိုင်း၊ လက်တွေဘ၀ အသက်တာ၌ ရဲဝင့်စွာ အသုံးချနိုင်ရန်သာ လိုပါတော့သည်။


          ရှင်ပေါလုသည် ထိုတန်ခိုး အကြောင်းကို မပြောရလျှင် မနေနိုင်၊ အမင်္ဂလာရှိသည်ဟု ခံစား ရပါသည်။ (၁ကော ၉း၁၆) ထိုဧ၀ံဂေလိတရားသည် ရှက်ကြောက်စရာ မဟုတ်။ ဘုရားသခင်၏ တန်ခိုးသာ ဖြစ်သည်ဟု ရှင်ပေါလုက ထပ်မံသက်သေခံခဲပါသည်။ (ရောမ ၁း၁၆) ထိုကြောင့် ကျွန်ုပ်တို့ အားလုံး ခရစ်တော်၏ လက်ဝါးကပ်တိုင် တန်ခိုးကို အမှီပြ၍ ဧ၀ံဂေလိ သတင်းကောင်းကို ရှင်းလင်း သဘောပေါက် နားလည်းလျက် စာတန်၏ လှည့်ဖျားခြင်းများကို ရှောင်ရှားလျက် ဝေငှခြင်းအားဖြင့် လက်ဝါးကပ်တိုင် တန်ခိုး၏ အရသာကို ခံစား ရယူနိုင်သော ယုံကြည်သူများ ဖြစ်ကြပါစို့။

(၂) လက်ဝါးကပ်တိုင်သည် အသေခံသော နေရာ ( ရောမ ၆း၆ က )

           လက်ဝါးကပ်တိုင်သည် ကျွုပ်တို့ လူဟောင်း၏ အကျင့်စရိုက်များကို ရိုက်ချိုး ခြေဖျက်သည့် နေရာလည်း ဖြစ်သည်။ ထိုကြောင့် သင်သည် လက်ဝါးကပ်တိုင် တရားကို  လက်ခံယုံကြည် လက်ခံသော သူဖြစ်ခဲ့လျှင်၊ လူဟောင်းဘ၀၌ ရှိခဲ့သော စိတ်နေ သဘောထားများ လောက၏ အယူအဆများ၊ ဘုရားမဲ့ အတွေးအခေါ်များ၊ ဇာတိပကတိကို ဦးစားပေးခဲ့သော အရာများကို ထိုလက်ဝါးကပ်တိုင် ပေါ်၌ ရိုက်ချိုး ခြေဖျက်ပြီးကြောင်းကှိုလုံးသွင်း၍ အသက်တာ၌ အသက်ရှင်ရပါမည်။ ဘုရားသခင်နှင့် မပတ်သက်သော၊ ဘုရားသခင်၏ စကားတော်နှင့် ဆန်ကျင်သော အရာများသည် ကျွုပ်တို့၏ ဇာတိပကတိ၏ လုပ်ရပ်ဖြစ်ပြီး ထိုအရာများသည် ပျက်ဆီးခြင်း အသက်တာကို ဦးတည်သွားနေသောအရာ ဖြစ်သောကြောင့် ခရစ်တော်သည် ထိုပျက်ဆီးခြင်းမှ ကယ်တင်ရန်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ထာဝရတည်သော နေရာဖြစ်သော ကောင်းကင်နိုင်သို့ ရောက်နိုင်ဖို့ရန် အသေခံခဲ့ပါသည်။ ထိုကြောင့် လက်ဝါးကပ်တိုင်ဟာ ကျွုပ်တို့ ဇာတိများ ရိုက်ချိုး ဖျက်ဆီးသော နေရာဖြစ်၍ ၀ိညာဉ်ပကတိ အတိုင်း အသက်ရှင်ဖို့ရန် စတင် သောနေရာ ဖြစ်ပါသည်။ တနည်းအားဖြင့် စာတန်သားဘ၀မှ ဘုရားသား ဘ၀သို့ ရောက်ရှိသော နေရာ ဖြစ်ပါသည်။ အပြစ်၏ ကျေးကျွန်ဘ၀မှာ လွှတ်ရုံတင်မက အသစ်သောဘ၀၊ ဘုရားသားဘ၀၊ ဘုရာှးင့်အတူ လျှောက်လှမ်းနိုင်သော ဘ၀ကို ရောက်ရှိခဲ့ပါသည်။

          သို့သော် ယုံကြည်သူတချို့က လွှတ်ခြင်းရပြီးသော ဇာတိပကတိ စိတ်ထားများကို အသက်တာ၌ ပြန်လည် အသက်ရှင် ခွင့်ပေးတတ်ကြပါသည်။ ထိုသို့ ပြခဲ့ပါက လက်ဝါးကပ်တိုင် တရားသည် အချည်းအနှီး ဖြစ်သွားပါလိမ့်မည်။ ထိုကြောင့် (ဂလာ ၅း၁၃) ၌ ဇာတိ သဘောထားများကို ဦးစားပေးပြီး အသက်ရှင်ခြင်းဖြင့် လွှတ်ခြင်းတရား ( လက်ဝါးကပ်တိုင်တရား ) ကို အလွဲမသုံးဖို့ရန် သတိပေး တိုက်တွန်း လိုက်ရပါသည်။ ကျွုပ်တို့၏ ဇာတိစိတ် သဘောထားများကို လက်ဝါးကပ်တိုင်၌ အပြီးသတ်၍ လက်ဝါးကပ် တိုင်တရားအတိုင်း အသက်ရှင် လျှောက်လှမိးုင်သော ယုံကြည်သူများ ဖြစ်ကြပါစို့။

(၃) လက်ဝါးကပ်တိုင်သည် နေစဉ် လိုအင်ဆ္ဒများ ငြင်းပယ်သော နေရာ ( လုကာ ၉း၂၃ )


          ယေရှုသည် သူ၏နောက်သို့ လိုက်လိုသော သူများအား မိမိ၏ လက်ဝါးကပ်တိုင်ကို နေစဉ် ထမ်း၍ မိမိ၏ဆ္ဒများကို ငြင်းပယ်၍ လိုက်ရပါမည်။ အဘယ်ကြောင့် ထိုကဲ့သို့ ယေရှု ပြောရပါသနည်း။ လက်ဝါးကပ်တိုင် ထမ်းမယ်ဆိုလျှင်လည်း အဘယ်ကြောင့် နေစဉ် ထမ်းဖို့ပြောရပါသနည်း။ လိုအင် ဆန္ဒများကို လည်းနေစဉ် အဘယ်ကြောင့် ငြင်းပယ်ခိုင်းရပါနည်း။

          ယေရှုပြောသည်မှာ ရိုးရိုးလေးပင် ဖြစ်ပါသည်။ မိတ်ဆွေ ကျွုပ်တို့၏ လိုအင်ဆ္ဒနှင့် ဇာတိ သဘောထားများကို နေစဉ် သေရုံတင်မျှမက အသက်တာ၌ မရှိရန် လိုအပ်ပါသည်။ သို့သော် ယနေ ကျွန်ုပ်တို့ ယုံကြည်သူများ၏ အသက်တာ၌ ထို့ကဲ့သို့ မဟုတ်ဘဲ နေစဉ် ''ငါ'' ဆိုသော အတ္တ၊ မာနမျာှးင့် အတူ အသက်ရှင် နေကြောင်း တွေရပါသည်။ ''ငါ့ကို မထိနဲ့'' ''ငါ့ကို ဒီလိုမကြည့်နဲ့'' ''ငါ့ကို ဒီလို မပြောနဲ့'' စသည်ဖြင့် ငါ -- ငါ ..ငါ ဆိုသော အရာများနှင့်အသက်ရှင်၍ နေကြပါသည်။

          နေစဉ် ယေရှုသွန်သင်လိုသော အရာများအားဖြင့် အေးချမ်းစွာ သွားလာဖို့ရန် လက်ဝါးကပ်တိုင် တရားကို ခရစ်တော် ပြင်ဆင်ထားခဲ့ သော်လည်း ''ငါ'' ဆိုသော အရာများကို လက်ဝါးကပ်တိုင်၌ မရိုက်ထားဘဲ အသက်တာ၌ ယူလာသောကြောင့် ပူလောင်မူများဖြင့် ဖြတ်သန်းနေရပါသည်။

          ယေရှုက လက်ဝါးကပ်တိုင် တရားအကြောင်းကို သင်ပေးခဲ့ပါသည်။ (မဿဲ ၇း၁၂) ကျွန်ုပ်တို့ သူတပါးကို ဦးစားပေး အသက်ရှင်ခြင်း၊ သူတပါးအတွက်သာ အသက်ရှင်သွားနိုင်ရန်အတွက် သင်ပေးခဲ့ပါသည်။ ယေရှုကိုယ်တိုင် လက်ဝါးကပ်တိုင်၌ အပြစ်သားများအားလုံးအတွက် အပြစ်ဖြေရန် အဖို့အလို့ငှါ အသက် ပေးခဲ့ပါသည်။ အပြစ်သားများ အပြစ်မှလွတ်ဖို့ရန် ပေးဆပ်ခဲ့ရုံတင်မက ထာဝရ ကောင်းကင်နိုင်ငံ၌ နေထိုင်ဖို့ရန် အဖိုးအခပေး၍ ပေးဆပ်ခဲ့ပါသည်။

          ထို့ကြောင့် ကျွန်ုပ်တို့အားလုံး အထက်ပါ အကြောင်းအရာ ( ၃ ) ချက်အားဖြင့် ခရစ်တော်၏ လက်ဝါးကပ်တိုင် တရားကို နာလည် သဘောပေါက် ရုံတင်မက ထိုလက်ဝါးကပ်တိုင်တရား၏ အကျိုးကို ထိမိစွာ ခံစာိးုင်ရန် ပြင်ဆင်သော အသက်တာ ဖြစ်ကြပါစေဟု ခရစ်တော်နာမ၌ တိုက်တွန်း လိုက်ရပါသည်။

Sep 19, 2018

ဘုရားသခင်ကို သိကျွမ်းခြင်း

    ဝိညာဉ်ရေးရာတွင် ကြီးထွားရင့်ကျက်ရန် အရေးကြီးကြောင်း လူတိုင်းက လက်ခံကြသည်။ သို့သော် ထိုသို့ ဝိညာဉ်ရေးရာ ရင်ကျက်ကြီးထွားရန် သီချင်းဆိုတတ်ဘို့၊ တရားဟောတတ်ဘို့၊ စကားလုံး လှလှဖြင့် ဆုတောင်း တတ်ဘို့၊ Sunday School သင်တတ်ဘို့၊ ကျမ်းစာ သင်တတ်ဘို့ စသည် လုပ်ဆောင်မှုများကို ကျွမ်းကျင် ပိုင်နိုင် စွာ လုပ်ဆောင် တတ်ဘို့ ဦးတည် ကြိုးစား အားထုပ်ကြသည်ကို တွေ့မြင်ရပါသည်။ ထိုသို့ လုပ်ဆောင်မှု ဟူသမျှ သည် အပြင်ပိုင်း လုပ်ဆောင်မှု များသာဖြစ်ပြီး၊ ဝိညာဉ်ရေးရာ အတွင်းပိုင်း တိုးတက်မှု အတွက် မစဉ်းစား မလုပ်ဆောင် ကြချေ။ ထိုသို့ ဝိညာဉ်ရေးရာ အတွင်းပိုင်း တိုးတက် ကြီးထွားရန် အဓိက လိုအပ်ချက်မှာ ဘုရားသခင်ကို သိကျွမ်းခြင်းသာလျှင် ဖြစ်ပါသည်။

ကောလောသဲ ၁း၁၀-၁၁
ဆုတောင်းသော အချက်ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့် အမျိုးမျိုး တည်းဟူသော အသီးကိုသီးခြင်း ဘုရားသခင်ကို သိသောညဏ် တိုးပွားခြင်း၊ ရှိသ ဖြင့် လည်းကောင်း၊ ဝမ်းမြောက်သော စိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည် ခြင်း အလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့် လည်း ကောင်း၊ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် သခင်ဘုရားနှင့် ထိုက် လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မ ညဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။ (ကောလောသဲ ၁း၁၀-၁၁)

ရှင်ပေါလု၏ ဆုတောင်း   
    ကောလောသဲမြို့တွင် ရှိသော အသင်းတော်ရှိ အသင်းသားများအတွက် ဆုတောင်းပေး သောအခါ အထက်တွင် ဖေါ်ပြထားသော အပြင်ပိုင်း လုပ်ဆောင်ချက်များ တိုးတက်လာရန် ဆုတောင်းခြင်း မပြုခဲ့ပါ။ ထိုအရာများ မလိုအပ်၍ မဟုတ်ပါ။ ထိုအရာများသည် ဝိညာဉ်ရေးရာ ရင့်ကျက်လာသူများက အလိုအလျောက် လုပ်ဆောင်နိုင် မည်ဖြစ်သည်။ ရှင်ပေါလု ဆုတောင်းပေး သောအချက်မှာ ဘုရားသခင်ကို သိသောညဏ် တိုးပွားလာစေရန် အဓိက ဆုတောင်း ပေးခဲ့ပါသည်။
    သင်တို့၏ ဝိညာဉ်ရေးရာ တိုးတက်မှု ရှိစေရန် ထိုအချက်ကို ဦးစားပေး ပြောလိုပါသည်။ ထိုသို့ ဆိုရာတွင် ကျမ်းစာများ ပိုမို တတ်ကျွမ်းလာရန် အရေးကြီးသည်ဟု မဆိုလိုပါ။ ဘုရားသခင် ၏အကြောင်းကို ကိုယ်တိုင် သိကျွမ်းလာဘို့ အဓိက ပြောချင်ပါသည်။ ဘုရားသခင်၏ အပေါ်ယံ အကြောင်းတရားများကို ဆိုလိုခြင်း မဟုတ်ပါ။ မိမိအသက်တာထဲက နှလုံးသားဖြင့် သိကျွမ်းလာ ခြင်းကို ဦးစားပေး ပြောဆိုလိုပါသည်။ ဝိညာဉ် ရေးရာကို တိုးတက်သည်ဟု ဆိုရာတွင် သင်ကိုယ်တိုင် မည်သို့ သတ်မှတ်ထားပါသနည်း။ လုပ်ဆောင်မှု တိုးတတ်ရန် လိုသည်ဟု ထင်မြင်ပါသလား၊ (သို့) နှလုံးသားထဲမှ ဘုရားသခင်ကို ရင်းနှီး ကျွမ်းဝင်မှုဖြင့် သိကျွမ်းပါသလား။

စစ်မှန်သော ဘုရားသခင်ကို သိကျွမ်းခြင်း   
    ခရစ်ယာန်တစ်ဦး အနေဖြင့် အသက်ရှင်ရာ၌ အခြေအနေ အားလုံးအတွက် ဘုရားသခင်ကို သိကျွမ်းဘို့ လိုအပ်ပါသည်။ ကယ်တင်ခြင်းရဘို့၊ အသက်တာလျှောက်လှမ်းဘို့၊ အမှုတော်ဆောင်ရွက် ဘို့ အခြေအနေအားလုံးတွင် ဘုရားသခင်ကို သိကျွမ်းဘို့ လိုအပ်ပါသည်။ ဘုရားသခင်သည် မည်ကဲ့ သို့ အရည်အချင်း၊ ဂုဏ်တော်များ ရှိပါသနည်း။ မည်ကဲ့သို့သောပုဂ္ဂိုလ် ဖြစ်ပါသနည်း။ လောကထဲ တွင်ရှိသော အခြားသော ဘုရားများနှင့် ခြားနားချက်များက မည်သို့ရှိပါလဲ။ အစရှိသဖြင့် များစွာ လေ့ လာဘို့ လိုအပ်ပါလိမ့်မည်။ ထိုဘုရားက မိမိအသက်တာကို မည်သည့်အရာများ လုပ်ဆောင်ပေးသ နည်း ဆိုသော အချက်များကို ကိုယ်တိုင်ကိုယ်ကျ မိမိအသက်တာအားဖြင့် သိကျွမ်းဘို့ လိုအပ်ပါ သည်။ 
    ထိုသို့ဆိုရာတွင် ခရစ်ယာန်ဖြစ်လာသောသူက မိမိသည် ဘုရားကိုသိလို့၊ ယုံကြည်လို့ ခရစ်ယာန်ဖြစ်လာတာ ဘဲ။ သိပြီးသားဘဲ အစရှိသည်ဖြင့် ဆိုနိုင်ပါသည်။ လက်ရှိ အခြေအနေတွင် ဘုရားသခင်ကို သိကျွမ်းပြီးဖြစ်သည့်အတွက် နောက်ထပ် ဘာများ သိစရာ လိုပါသေးသနည်းဟု မေးကောင်း မေးနိုင်ပါသည်။



    ခရစ်ယာန် ဖြစ်လာပြီးနောက် အသင်းတော် ထဲတွင် ပါဝင်သည့်အချိန်၌ အခက်အခဲများစွာ တွေ့နိုင်ပါသည်။ ကိုယ်ကာယပိုင်း အခက်အခဲ၊ စိတ်ဓါတ်ရေးရာအခက်အခဲ၊ ဝိညာဉ်ရေးရာ ပြဿ နာများ၊ စသည်တို့အပြင်၊ သြဝါဒနှင့်ဆိုင်သော ပြဿနာများ၊ အသင်းတော်ထဲတွင် မိမိမခံယူနိုင်သည့် ဆုံးဖြတ်ချက် ပြဿနာ အစရှိသည့် ပြဿနာများ ဖြစ်သည်။ ထိုအရာများကို ကိုင်တွယ်ရာတွင် မိမိ ကိုယ်တိုင် အခက်အခဲ အဆင် မပြေမှု မြောက်များစွာ တွေ့ကြုံရလေတော့သည်။ မိမိကိုယ်တိုင်က ယုံကြည်ခြင်း ရှိပါသည်။ ထိုယုံကြည်ခြင်းကို မည်ကဲ့သို့ အသုံးချနေပါသနည်း။ ထိုအချိန်မျိုးတွင် မိမိ၏ ယုံကြည်ခြင်းသည် မိမိ အားကိုးသော ဆရာသမားများ၊ မိဘများ၊ သူငယ်ချင်းများ တွင်သော် လည်းကောင်း၊ တစ်ခါတစ်ရံ မိမိ ပိုင်ဆိုင်သည့် စီးစိမ်ဥစ္စာများ အပေါ်တွင်သော် လည်းကောင်း၊ တစ်ခါတစ်ရံ မိမိ၏ပညာ အစွမ်းအစများ အပေါ်တွင်လည်းကောင်း တင်ထားတတ်ကြသည်။ ထိုသို့ ဖြစ်ရခြင်းအကြောင်းမှာ ဘုရားသခင်ကို သိသင့်သလောက် မသိသောကြောင့် ဖြစ်သည်။ ဘုရားကို စိတ်မချသောကြောင့် ဖြစ်သည်။ ထိုဘုရားက မိမိကို မည်မျှလောက် ချစ်မြတ်နိုးပြီး၊ မည်မျှလောက် တာဝန် ယူသည်ကို သိနားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းပြီ ဆိုပါက မိမိ၏ ပြဿနာ အခက်အခဲများ အတွက် ထိုဘုရားသခင်ကိုသာ ယုံကြည်အားကိုးတော့ မည်ဖြစ်သည်။ ထိုသို့ ယုံကြည်ခြင်းဖြင့် ထိုဘုရားသခင် ပေါ်တွင် ရပ်တည် လိုက်ပြီဆိုပါက သင်၏ ပြဿနာ အခြေအနေများ မည်ကဲ့သို့ ရင်ဆိုင်ကြုံတွေ့ရသည် ဖြစ်ပါစေ အရှုံး မရှိတော့ပါ။
 
စစ်မှန်သော အားပြည့်ခြင်း
    ဘုရားသခင် ဆိုတာ ဘုရားဘဲ ဖြစ်ပါတယ်။ ဘုရားဆိုတာ လူမဟုတ်ပါ။ ဘုရားဆိုတာ ဖန်ဆင်းရှင်သာ ဖြစ်ပါ တယ်။ ရှိပြီးသားအရာကို ထပ်မံ ပြင်ဆင်လုပ်ဆောင် သောသူသည် ဖန်တီးရှင် သာဖြစ်သည်။ ဖန်ဆင်းရှင်ဆို သည်မှာ မည်သည့်အရာမျှ မရှိသောအရာထဲတွင် တန်ခိုးတော်ကို အသုံးပြုပြီး အမှန်တကယ် ရှိလာအောင် ဆောင်ရွက်သော အရာကို ဖန်ဆင်းရှင်ဟု ခေါ်ပါသည်။ ဘုရားသခင် သာရှိလျှင် အားလုံးအဆင်ပြေပါသည်။ ထိုဘုရားသခင်သည် ရှိပြီးသားအရာကို တစ်ခု မျှ အခြေမခံဘဲ လိုအပ်သည့် အချိန်မှာ လိုအပ်သလို လုပ်ဆောင်ပေးနိုင်သော အရည်အချင်းကို ပိုင်ဆိုင်ထားသောသူ ဖြစ်သည်။ ကျွနု်ပ်တို့ ကိုးကွယ်သောဘုရားသည် အရာခပ်သိမ်းကို ဖန်ဆင်း သော ဖန်ဆင်းရှင်ဖြစ်သည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် အရာခပ်သိမ်းကို ဖန်ဆင်းသော ဖန်ဆင်းရှင်ပေါ်တွင် သင်နှင့် ကျွနု်ပ်တို့၏ ယုံကြည်ခြင်းကို တည်ဆောက်ထားရန် တိုက်တွန်းလိုပါသည်။



    သင့်ဘဝထဲတွင် မည်သည့်အကြောင်းကြောင့် အားငယ်နေပါသနည်း။ ဟေရှာယ ၄၀း၃၁ တွင် ဘုရားကို မျှော်လင့်သောသူတို့သည် အားပြည့်ကြလိမ့်မည်ဟု ဖေါ်ပြထားပါသည်။ ပိုက်ဆံရှိ၍ အားပြည့်ခြင်း၊ ဂုဏ်ရှိ၍အား ပြည့်ခြင်း၊ အပေါင်းအသင်းကို မှီ၍ အားပြည့်ခြင်း၊ အစရှိသည် တို့သည် အမှန်တကယ်အားပြည့်ခြင်း ဟုတ်ပါသလား။ ဘုရားသခင်ကို ကြည့်ရှု မျှော်လင့်ပြီး အသက်ရှင်သော သူတို့သာလျှင် အမှန်တကယ် အားပြည့်သော သူများဖြစ်ကြပါသည်။ ထိုသူတို့ ကိုသာ ဘုရားသခင်ကို သိကျွမ်းသောသူ ဟု ခေါ်ပါသည်။ သင်ကိုယ်တိုင် ဘုရားသခင်ကို သိကျွမ်းသောသူ ဖြစ်ပါစေ။

Sep 12, 2018

အာဗြဟံ၏ ကိုးကွယ်ခြင်း စံပြပုံစံ

အခြေပြုကျမ်း - ကမ္ဘာဦး ၂၂း၁-၁၉

နိဒါန်း

ယနေ့ ခရစ်ယာန်ကမ္ဘာတွင် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း အကြောင်းကို သိရှိသူ အနည်းငယ်သာ ရှိပါလိမ့်မည်။ ချားလ်စတန်လေက တခါတုန်းက ပြောဘူးပါသည်။ ခရစ်ယာန်အများစု၊ အသင်းတော် အများစု သည် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း အကြောင်းကို မသိကြပါ။ ကျွနု်ပ်တို့သည် အသင်းတော်သို့ သွား ပါသည်။ သို့သော် စစ်မှန်သော ဝတ်ပြုကိုးကွယ်မှုတော့ မပြုကြပါ။ ကျွနု်ပ်တို့သည် ဂုဏ်တော် သီချင်းများ သီဆိုကြသည်။ သို့သော် စစ်မှန်သော ဝတ်ပြု ကိုးကွယ်မှုတော့ မပြုလုပ်ကြပါ။ ကျွနု်ပ်တို့သည် တရား ဒေသနာများကို နားထောင်ကြသည်။ သို့သော် စစ်မှန်သော ဝတ်ပြု ကိုးကွယ်မှုများ ကိုတော့ မပြုလုပ်ကြပါ။ အထက်ပါ အချက်အလက် များသည် ဝတ်ပြု ကိုးကွယ်ခြင်းတွင် ပါဝင် အရေးကြီးသော အရာများ ဖြစ်ကြပါ သည်။ သို့သော် ထိုအရာများသည် ဝတ်ပြု ကိုးကွယ်နေသော အရာများ မဟုတ်ကြပါ။ ကျွနု်ပ်ဆိုလိုသည်မှာ သင်သည် အထက်ပါအရာများကို အားလုံး တတ်ကြွစွာ လုပ်ဆောင်နေသည့် တိုင်အောင် ထိုအရာများသည် ဝတ်ပြုကိုးကွယ်မှုများ မဟုတ်ကြပါ။ ထိုအရာများသည် ဝတ်ပြု ကိုးကွယ်ခြင်း၏ အစိတ်အပိုင်းများသာ ဖြစ် ကြပါသည်။ ကျွနု်ပ်တို့ ခရစ်ယာန်များသည် ဝတ်ပြု ကိုးကွယ်မှုများ အတွက် ဝတ်ပြုကိုးကွယ်ခြင်း ဆိုသည့် အဓိပ္ပါယ်ကို မှားယွင်းစွာ အနက်ဖွင့်ဆိုနေကြသည်။

သင်သည် တရား ဒေသနာများကို သော်လည်းကောင်း၊ အသင်းတော်၏ အစီအစဉ် များကို သော်လည်း ကောင်း၊ ဂုဏ်တော် သီချင်းများကို သော်လည်းကောင်း၊ ကြိုက်နှစ်သက်ကောင်း ကြိုက်နှစ်သက် ပါလိမ့်မည်။ သို့သော် ဘုရားသခင်က ထိုအရာများကို ကြိုက်နှစ်သက် ပါသလား။ အသင်းတော်များ၏ အမှားအယွင်း တစ်ချက်မှာ အသင်းတော်၏ ဝတ်ပြု ကိုးကွယ်ခြင်းကို အချိန် ကန့်သတ် ထားလေ့ရှိသည်။ တစ်ပတ်တွင် တစ်နာရီ လောက်သာ ဖြစ်လေသည်။ တစ်ခါတစ်ရံ အသင်းတော်သို့ လာရောက်သည်မှာ ဖျော်ဖြေပွဲ တစ်ခုကို လာရောက် လေ့လာ ကြည့်ရှုနေသော သဘောလောက်သာ ဖြစ်သည်။ ကျွန်တော်သည် အသင်းတော် တစ် ခုသို့ ရောက်သောအခါ  ဖွင့်လှစ်မြင်ရသည့် အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည်။ ကျွန်တော် သည် သင့်ကို နောက်မှီခုံတွင် သက်တောင့် သက်သာ ပျော်ရွှင်ဝမ်းမြောက်စွာ ရှိစေရန် သင့်အတွက် ပြင်ဆင် ထားသည်။ ထိုသူတို့သည် လာရောက်ချိန်တွင် သက်တောင့်သက်သာရှိပြီး သူအတွက် အဆင်ပြေ ကောင်းမွန်လျှင် ကောင်းမွန်သော ဝတ်ပြုကိုးကွယ်မှု အဖြစ် အသိအမှတ်ပြုကြ ပေလိမ့်မည်။ ကျွန်တော် တို့သည် ဝတ်ပြုကိုးကွယ်မှု အစီအစဉ် တစ်ခုလုံးကို သေချာ ပြန်လည် သုံးသပ် ကြည့်ကြပေလိမ့်မည်။ ကျွန်တော် တို့သည် ပရိတ်သတ် များအဖြစ် ကိုယ့်ကိုကိုယ် ရှုမြင်ကြပေလိမ့်မည်။ သင်းအုပ် ဆရာနှင့် အစီအစဉ် တွင် ပါဝင်ကြသူများကို ဖျော်ဖြေ တင်ဆက်သူများအဖြစ် ရှုမြင် သုံးသပ် ကြပေလိမ့်မည်။ ဘုရားသခင် ကိုယ်တိုင်က ပရိတ်သတ် တစ်ဦး ဖြစ်နိုင်ပါမလား။ ဤဝတ်ပြု ကိုးကွယ် ဖျော်ဖြေပွဲကြီးတွင် ပါဝင်နေကြသူများ အားလုံးသည် ကိုယ့်အတွက် လုပ်ဆောင်နေကြသည်။ ကိုယ့်အတွက်ဟု ခံစားနေကြသည်။ အမှန်တကယ် ဖြစ်နေခြင်း မဟုတ်ဟု ခံစားနေ တတ်ကြသည်။ ကျွန်တော်တို့သည် မှန်ကန်သော ဝတ်ပြုကိုးကွယ်ခြင်းကို ဆောင်ရွက်လိုပါလျှင် ထိုအရာသည် ကျွန်တော်တို့အတွက် မဟုတ်ပါ။ ထိုအရာသည် ဘုရားသခင် အတွက်သာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဝတ်ပြု ကိုးကွယ်ခြင်း သည် ဘုရားသခင်၏  အလိုဆန္ဒနှင့် ဝတ်ပြု ကိုးကွယ် နေရသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့သည် မည်ကဲ့သို့ ဝတ်ပြု ကိုးကွယ်ရမည်ကို သင်ယူဘို့ လိုအပ်ပါသည်။

ဝတ်ပြု ကိုးကွယ်ခြင်းဆိုသော စကားလုံးကို ကျမ်းစာထဲတွင် ပထမဦးဆုံးမြင်ရသည်မှာ ကမ္ဘာဦးကျမ်း ၂၂း၅ တွင်ဖြစ်သည်။ ဤအပိုင်းတွင် ကျွန်တော်တို့သည် အာဗြဟံ အကြောင်းကို လေ့လာရမည်ဖြစ်သည်။ အာဗြဟံ သင်ပေးသောအရာများထဲမှ ကျွန်တော်တို့ သင်ယူရမည့်အရာများ ရှိနေပါသည်။

စစ်မှန်သောကိုးကွယ်ခြင်းတွင် ပါဝင်ရမည့်အရာများ
၁။ ဘုရားသခင်၏ ဖွင့်ပြခြင်း (အငယ် ၁-၂)
ဤနေရာတွင် အာဗြဟံသည် ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ရန်အတွက် ဘုရားသခင် ကိုယ်တိုင်က မည်သို့ လုပ်ဆောင် ရမည်ကို ကိုယ်တော်တိုင် ဖွင့်ပြခြင်းကို ခံစားရသည်။ "သင်သည် အလွန်ချစ်သော တစ်ယောက် တည်းသော သားဣဇတ်ကို ယူ၍ မောရိပြည်သို့ သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကို မီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့" ဟု မိန့်တော်မူ၏။ (ကမ္ဘာ ၂၂း၂) စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း တွင် ဘုရားသခင်၏ ဖွင့်ပြခြင်း ရှိရမည်။ ထိုနေရာတွင် မိမိဘာကြိုက်သည်၊ မကြိုက်သည်က အရေး မကြီးပါ။ ကိုယ်ရေးကိုတာများ၊ မိမိ စိတ်ဝင်စားသော အရာများက အရေးမကြီးပါ။ ဘုရားသခင်၏ ဖွင့်ပြခြင်းကသာ အရေးကြီး ပါသည်။ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းသည် ဘုရားသခင်၏ သမ္မာကျမ်းစာကိုသာ အခြေပြု ရမည်။ တေးသီချင်းနှင့် ဂုဏ်တော် ချီးမွမ်းခြင်းများ သည်လည်းကောင်း၊ သက်သေခံခြင်းများ သည်လည်းကောင်း၊ ဆုတောင်းခြင်းများ သည်လည်းကောင်း၊ တရားဟောခြင်းများသည်လည်းကောင်း နှုတ်ခပတ်တော် သမ္မာ ကျမ်းစာနှင့် အညီ ဖြစ်ရမည်။ ဝတ်ပြု ကိုးကွယ်ခြင်းတွင် အဘယ်ကြောင့် နှုတ်ခပတ်တော်သည် မရှိမဖြစ် လိုအပ်ရပါ သနည်း။ ကျွန်တော်တို့ ကိုးကွယ်သော ဘုရားမှာ ကျွန်တော်တို့ စိတ်ထင်နှင့် ကိုးကွယ် နေသော ဘုရားမဟုတ်။ တနည်းအားဖြင့် ကျွန်တော်တို့၏ စိတ်ကူးထဲက ဘုရား မဟုတ်။ ထို့ကြောင့် ကျွန်တော်တို့သည် မိမိတို့ စိတ်ထင်သည့် အတိုင်း စီရင်ကိုးကွယ်၍ မရပါ။ ဘုရားသခင်သည် ခေတ်အဆက်ဆက်တွင် မိမိကိုယ်မိမိ မည်ကဲ့သို့ ဘုရားဖြစ်ကြောင်း ဖော်ထုပ်ဖွင့်ပြခဲ့သည်။ ထိုသို့ ကိုယ်တိုင်ဖေါ်ထုပ် ဖွင့်ပြရာ၌ မည်သည့်အရာကို ကြိုက်နှစ်သက်သည်၊ မည်သည့်အရာကို မုန်းတီးသည် အစရှိသဖြင့် ဖော်ပြခဲ့သည်။ ထိုသို့ ဖော်ပြသည့်အတိုင်း ကျွန်တော်တို့က ကိုးကွယ်ရမည် ဖြစ်သည်။

 

ဘော်လုံးသမား တစ်ယောက်သည် ဘော်လုံးထိန်းသိမ်းမှု ကျွမ်းကျင်လာရန်နှင့် ဂိုးများများ သွင်းနိုင်ရန် ပျင်းရိမှုမရှိဘဲ နေ့စဉ် လေ့ကျင့်ရသည်။ အဆိုတော် ဖြစ်ချင်သူ တစ်ဦးသည် သီချင်းသီဆိုမှု အဖြတ် အတောက် မှန်ကန်မှုရှိစေရန်နှင့် အသံကောင်းလာရန် လေ့ကျင့်မှု ပြုလုပ်ရသည်။ စစ်မှန်သော ဝတ်ပြု ကိုးကွယ်မှု ပြုလုပ်လိုသူသည် ပျင်းရိမှုမရှိဘဲ ဘုရားသခင်၏ နှုတ်ခပတ်တော်က မည်ကဲ့သို့ ဖော်ပြ သွန်သင်ကြောင်း နေ့စဉ် ခံယူနိုင်ရန် ကျမ်းစာကို စေ့စေ့ကြည့်ရှု လေ့လာဖတ်ရှုရမည်ဖြစ်သည်။ သင်သည် တနင်္ဂနွေနေ့တွင် ဘုရားသခင် ထံမှ မည်သည့်အရာမျှ မျှော်လင့်ထားခြင်း လည်းမရှိ၊ သီချင်းဆိုခြင်းကို နားထောင်ရုံမျှသာ၊ သက်သေခံချက်ကို နားထောင်ရုံမျှသာ၊ တရားဟောချက်များကို နားထောင်ရုံမျှသာ ပြုလုပ်ခဲ့သည်ဆိုပါက သင်သည် မှန်ကန်သော ဝတ်ပြုကိုးကွယ်မှု မပြုလုပ်သေးပါဟု ကျွန်တော်ပြောလို ပါသည်။
၂။ အသက်တာပြင်ဆင်ခြင်း (အငယ် ၃)
"အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသား၊ ဣဇတ်နှင့် ငယ်သား နှစ်ယောက်ကို ခေါ်၍ မီးရှို့စရာ ထင်းကို ခွဲပြီးမှ၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။" (ကမ္ဘာ၂၂း၃)

ဘုရားသခင်ထံမှ အာဗြဟံသည် ဖွင့်ပြခြင်းကို လက်ခံရယူပြီးနောက် ချက်ခြင်းပင် နာခံမှုဖြင့် ပြင်ဆင် သည်ကို တွေ့ရမည်။ သူသည် တပည့်များကိုခေါ်ရသည်။ ထင်များရရန် ခွဲရသည်၊ ခြမ်းရသည်။ အဆင်ပြေသော ထင်းချောင်များကို ရွေးယူရသည်။ မီးကိုလည်း ယူရသည်။ လိုအပ်သမျှကို ပြင်ဆင်သည် ကိုတွေ့ရသည်။ ကျွန်တော်တို့သည် အာဗြဟံကဲ့သို့ ဘုရားသခင်၏ နှုတ်ခပတ်တော်ကို ရလျှင်ရခြင်း မှန်သော ဝတ်ပြု ကိုးကွယ်မှုကို ပြုလုပ်ရန် ချက်ခြင်း ပြင်ဆင်သင့်ပါသည်။ ကျွန်တော်တို့သည် ကျမ်းစာနှင့် အညီ ဝတ်ပြု နေသည် ဆိုဦးတော့ ပြင်ဆင်မှု မရှိလျှင်လည်း အချည်းအနှီးသာ ဖြစ်သည်။ ဘောလုံးသမား တစ်ဦးသည် ဘောလုံးကန်ဘို့ အမြဲပြင်ဆင်နေရသည်။ စိတ်ဓါတ်ရေးရာ၊ သက်လုံ ကောင်းမှု၊ ကျွမ်းကျင်မှု ရှိစေရန် ပြင်ဆင်နေရသည်။

နှုတ်ခပတ်တော်ကို နားထောင်ခြင်းသည် အသက်တာ ပြင်ဆင်ရန် ရည်ရွယ်ချက် ရှိရမည်ဖြစ်သည်။ ဝတ်ပြု ကိုးကွယ်သည့် နေရာသို့ သွားရန်အတွက် အာဗြဟံက ပြင်ဆင်သည်။ ကျွန်တော်တို့သည် ဝတ်ပြု ကိုးကွယ်မည့် အသင်းတော်သို့ မသွားမှီ အများအပြား ပြင်ဆင်စရာ ရှိသည်။ အလှူငွေထည့်စရာ ပြင်ဆင်ရ မည်။ သက်သေခံ လိုသူသည် သက်သေခံမည့် အချက်အလက်များကို ပြင်ဆင်ရသည်။ ဂုဏ်တော် ချီးမွမ်းလိုသူသည် ကြိုတင် သီချင်းတိုက်ရမည်။ နှုတ်ခပတ်တော် ဟောပြောမည့် သူသည်လည်း ကြိုတင်ပြင် ဆင်ရသည်။ အချို့ အသင်းတော်များတွင် ကြိုတင်ပြင်ဆင်မှု မရှိကြသည့် အတွက် သက်သေခံပါ ဆိုလျှင် သက်သေ ခံမည့်သူမရှိ။ အချို့က သက်သေခံသည်ဟု ပြောသော်လည်း ကြိုတင်ပြင်ဆင်မှု မရှိသောကြောင့် ပြောချင်ရာ ပြောနေ ကြသည်။ အချို့က တရားဟောနေသည် ဆိုသော်လည်း နှုတ်ခပတ်တော် မပါသော ဟောပြောချက်များသာ ကြားနေရသည်။ ထို့ကြောင့် ထိုသူတို့၏ ဝတ်ပြု ကိုးကွယ်မှုများသည် ဘုန်းတော် မထင်ရှားသည့်အပြင် မြင်ရသူများ အတွက် ကဲ့ရဲ့စရာ၊ ရှုံ့ချစရာသာ ဖြစ်နေကြတော့သည်။ နှလုံးသားမပါဘဲ ဝတ်ပြုကိုးကွယ်မှု ပြုနေကြ သောကြောင့် ဘာသာခြားများ လာရောက် လေ့လာလျှင်ပင် အထင်ကြီး လေးစားဘွယ် မရှိကြချေ။

၃။ လောကအရာများနှင့် ခွဲခွာရသည်။ (အငယ် ၅)
"ငယ်သား နှစ်ယောက်တို့အား၊ သင်တို့သည် ဤအရပ်၌ မြည်းနှင့် အတူရပ်နေကြလော့။ ငါသည် သားနှင့် အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကို ပြုအံ့။ ထိုအမှုပြီးမှ သင်တို့ဆီသို့ ပြန်လာဦးမည်ဟု ဆိုလေ၏။" (ကမ္ဘာ ၂၂း၅)

ဘုရားသခင်၏ ဖွင့်ပြမှုကို နားမလည်သောသူများနှင့် အတူ ဝတ်ပြုကိုးကွယ်၍မရခြေ၊ ထိုသူတို့နှင့် ခွဲခြားပြီး နေထိုင်ရပါသည်။ အာဗြဟံသည် နှုတ်ခပတ်တော်မသိသော တပည့်များနှင့်ခွဲခြားပြီး သွားခဲ့သည်ကို တွေ့မြင် နိုင်ပါသည်။ ထိုငယ်သား နှုတ်ခပတ်တော် မသိသောသူများကို ဝတ်ပြု ကိုးကွယ်မည့် နေရာသို့ ခေါ်မသွားပါ။ အပြစ် ရှိသောသူများ၏ တွေးခေါ်ပုံနှင့် ကယ်တင်ခြင်း ရရှိပြီးသော သူတို့၏ တွေးခေါ်ပုံ မတူညီကြပါ။ ထိုကြောင့် ထိုသူတို့နှင့် အတူတကွ တွဲ၍ ဝတ်ပြု ကိုးကွယ်သော သူများအတွင် အခက်အခဲများ ရှိနေကြပါသည်။ ဝတ်ပြု ကိုးကွယ်ရာတွင် ငွေကြေးများကို မေ့ထားလိုက်ပါ။ အလုပ်များကို နောက်မှာထား လိုက်ပါ။ ဝတ်ပြု ကိုးကွယ်ရာတွင် အနှောက်အယှက် ဖြစ်မည့် အရာများကို မေ့ထားလိုက်ပါ။ မိမိကြိုက်နှစ် သက်သော အရာများကို မေ့ထားလိုက်ပြီး ဘုရားသခင် ကိုသာ မျက်မှောက်ပြုထားလိုက်ပါ။

 တခါတုန်က တရားဟော အလွန်ကောင်းသည့် ဟင်နီရီ ဝါ့ဘီချာ ဆိုသည့် တရားဟော ဆရာကြီး လာရောက် လည်ပတ်မည့် သတင်းကို တမြို့လုံး ကြားသိကြပြီး ထိုဘုရားကျောင်းသို့ ရောက်ရှိ လာကြပါသည်။ သို့သော် အမှန်တကယ် တရားဟောမည့် အချိန် ရောက်သောအခါ တခြား ဆရာတစ်ဦးက တရားဟော လိုက်သောအခါ လူအချို့တို့သည် စိတ်ပျက်သွားကြပြီး ထပြန်ကြရန် ပြင်ဆင်ကြပါသည်။ ထိုအခါ တရားဟောမည့် သူလည်း အလွန် စိတ်ပျက်သွားပြီး ပြောလိုက်သည်မှာကား ဟင်နရီ ဝါ့ဘီချာ ကို လာရောက် ဝတ်ပြု ကိုးကွယ်သော သူတို့ ပြန်နိုင်ပါသည်။ ဘုရားသခင်ကို ဆက်လက် ဝတ်ပြုကိုးကွယ် မည့်သူများ ဆက်လက် ထိုင်ပေးကြပါဟူ၍ ပြောလိုက်ပါသည်။

သင်ကြိုက်နှစ်သည့် တရားဟောဆရာထက် ဘုရားသခင်က ပိုအရေးကြီးသည်၊ သင်ကြိုက်သော ဝတ်ပြု ကိုးကွယ်ခြင်းကို ဦးဆောင်သည့် ခေါင်းဆောင် (   Worship Leader) ဖြစ်ချင်မှ ဖြစ်မည်။ ဘုရားသခင်သာ လျှင် ပိုမို အရေးကြီးပါသည်။ တစ်ခါတစ်ရံ သင်းအုပ်ဆရာက ဟောပြောသော အရာသည် သင်မကြိုက်သည့် အကြောင်းအရာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ မေ့ထားလိုက်ပါ။ မိမိအလို ဆန္ဒကို ဦးစားမပေးပါနှင့်။ သင်သည် ထိုအရာများကို ကြိုက်နှစ်သက်ပါလိမ့်မည်။ သို့သော်ထိုအရာများကို ဦးစားပေးရန်မဟုတ်ပါ။
မိမိတို့၏ ဝတ်ပြု ကိုးကွယ်မှုအတွက် စနေနေ့ ညမှာ ကတည်းကပင် လောကအရာများနှင့် ခွဲခြားပြီး ပြင်ဆင် ထားရမည်။

၄။ ယုံကြည်ခြင်းဖြင့် ကြော်ငြာပေးရမည်။ (အငယ် ၈)
"အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။ (ကမ္ဘာ ၂၂း၈)

 အာဗြဟံသည် ဝတ်ပြု ကိုးကွယ်ရာတွင် ယုံကြည်ခြင်း ပါဝင်သည်။ ဘုရားသခင် ပြင်ဆင်ပေးလိမ့်မည်။ ယုံကြည်ခြင်း ပါသည်။ ဘုရားသခင်က မည်ကဲ့သို့ အလုပ်လုပ်မည်ကို ကြိုတင် ခံစားပေးပြီး ယုံကြည်ခြင်း အပြည့်ဖြင့် ကြွေးကြော်ခဲ့သည်။ သင်သည် ဘုရားသခင်၏ အမှုအရာများကို လေ့လာဘို့ လိုပါသည်။ ယုံကြည်ဘို့ လိုပါသည်။ ချီးမွမ်း ကိုးကွယ်ခြင်း ဆိုရာတွင် အပိုင်း (၂) ပိုင်းပါဝင်ပါသည်။ ချီမွမ်းခြင်း ဆိုသည်မှာ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများကို ကြော်ငြာခြင်း ဖြစ်သည်။ ကိုးကွယ်ခြင်း ဆိုသည်မှာ ဘုရားသခင်သည် မည်သူဖြစ်သည်ကို ကြော်ငြာ နေခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် မကြာခင် ကာလက ဘုရားသခင် ကျွန်တော်တို့ကို မည်ကဲ့သို့ ကျေးဇူပြုခဲ့ကြောင်း ကြော်ငြာဘူးပါသလား။ ကျွန်တော်တို့ အသက်တာတွင် ဘုရားသခင်သည် မည်ကဲ့သို့ ကောင်းကြီးပေးမည်ကို အာဗြဟံကဲ့သို့ ယုံကြည်ခြင်း ရှိနေဘို့ လိုအပ်ပါသည်။ အာဗြဟံသည် သူလိုချင်သည့် အတိုင်း ရရှိခဲ့သောကြောင့် (အခန်းငယ် ၁၄) တွင် ထိုနေရာကို လိုအပ်သမျှ ထောက်ပံ့ပေးသော အရှင်ဟူ၍ ကြော်ငြာပေးခဲ့ပါသည်။ ဆိုလိုသည်မှာ အာဗြဟံသည် သူလိုချင်သည့် အရာများကို သူယုံကြည် ကြော်ငြာခဲ့သည့်အတိုင်း ရရှိခဲ့သည်ဟု ဆိုလိုခြင်းပင် ဖြစ်ပါသည်။

၅။ ဘုရားသခင်ကို ဆက်ကပ်ရမည်။ (အငယ် ၉-၁၀)
ထိုသို့ နှစ်ယောက် အတူတူသွား၍ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကို ခင်းပြီးလျှင်၊ သားဣဇတ်ကို ချည်နှောင်၍ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ မိမိလက်ကို ဆန့်၍ သားကို သတ်ခြင်းငှါ ထားကို ကိုင်ယူလေ၏။ (ကမ္ဘာ ၂၂း၉-၁၀)

အာဗြဟံသည် တစ်ဦးတည်းသောသား ဣဇတ်ကို ဘုရားသခင်ထံ ဆက်ကပ်ခဲ့ပါသည်။ သူ့ထံတွင် သား (၁၂) ယောက်မရှိပါ။ တစ်ဦးတည်းသော သားကို ဆက်ကပ်ခဲ့ပါသည်။ ဘုရားသခင်က ကတိ ပေးထားသော သားဖြစ်ပါသည်။ ထိုသားအားဖြင့် မိမိ၏ အဆက် အနွယ်ကိုလည်း ပွားများစေမည်၊ လူမျိုးကြီး ဖြစ်စေရ မည်ဟု ကတိ ရထားသူလည်း ဖြစ်ပါသည်။ သို့သော်လည်း အာဗြဟံသည် ဘုရားသခင်ကို အလုံးစုံ ဆပ်ကပ်ထားသည်။ မိမိတွင် ဘာမျှ မရှိလျှင်လည်း ကိစ္စမရှိ။ ဘုရားသခင်၏ နှုတ်ခပတ်တော်ကို ဦးစားပေးမည်။ အသက်တာကို ဆက်ကပ်မည်။ အာဗြဟံသည် နှုတ်ဖြင့် သက်သက်သာ ဆက်ကပ်သူမဟုတ်။ မိမိဓါးကို လက်ဖြင့် မြှောက်လိုက်ပြီး အမှန်တကယ် သတ်ရန် လုပ်ဆောင်သည်။ ဝတ်ပြုကိုးကွယ် သည်ဆိုရာ၌ အမှန်တကယ် အဖိုးအခ ပေးရန် လိုအပ်ပါသည်။ စစ်မှန် သော ဝတ်ပြုကိုးကွယ်ခြင်းတွင် မိမိ၏ အကောင်းဆုံး အရာကို ဘုရား သခင်အတွက် အကောင်းဆုံး ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ပေးဆပ်သင့်ပါသည်။

စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းတွင် ရရှိခံစားခဲ့ရသည် အကျိုးရလဒ်
၁။ ကောင်းကြီးမင်္ဂလာ ပြန်လည်သိမ်းဆည်းခြင်း။ (အခန်းငယ် ၁၂)
ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်မပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တစ်ယောက်တည်းသောသားကို ငါတောင်း၍ သင်သည် ငါ့ကို မငြင်းဟု မိန့်တော်မူ၏။ (ကမ္ဘာ ၂၂း၁၂)

ကျွန်တော်တို့သည် အထက်တွင် အမှတ် (၁)မှ အမှတ် (၆) အထိ လေ့လာခဲ့ရာတွင် စစ်မှန်သော ဝတ်ပြု ကိုးကွယ်ခြင်းတွင် လိုအပ်သောအရာများကို လေ့လာ သုံးသပ်ခဲ့ကြသည်။ အထက်ပါ အတိုင်း အဆင့်ဆင့် ဝတ်ပြု ကိုးကွယ်ရာတွင် နောက်ဆုံး၌ ဘုရားသခင်က ပေးသော ကောင်းကြီး မင်္ဂလာကို ပြန်လည် သိမ်းပိုက် ခွင့် ရရှိခဲ့သည်ကို တွေ့ရပါသည်။ လိုအပ်သော သိုးထီး တစ်ကောင်ကိုပါ အဆစ်ထပ်မံ ရရှိခဲ့သည် မဟုတ် ပါလော။ ထိုအခြေအနေကို ခံစားကြည့်ပါ။ အာဗြဟံသည် အလွန် ဝမ်းမြောက်ခြင်းကို ခံစားရမည်မှာ ဧကန် အမှန်ပင် ဖြစ်ပါသည်။ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းဖြင့် အမှန်တကယ် ဝတ်ပြု ကိုးကွယ်နေပါက နောက်ဆုံးတွင် ဝမ်းမြောက်ခြင်းကို ပြန်လည် သိမ်းဆည်းရသည်။ ဘုရားသခင်ထံမှ ကောင်ကြီးများကို  သိမ်းဆည်း ရပါသည်။ ဣဇတ်သည် သူ၏ ဘခင်ကို ပြန်လည် သိမ်းဆည် နိုင်ခဲ့သလို အာဗြဟံ သည်လည်း သားကို ပြန်လည် ထွေးပိုက်နိုင်ခဲ့ပါသည်။ သားအဖ နှစ်ဦးစလုံးသည် ဝမ်းမြောက်ခြင်းများကို ခံစားရသည် သာမက ထိုသူနှစ်ဦးစလုံးတွင် ယုံကြည်ခြင်းကို ပိုမိုတိုးပွားစေခဲ့ပါသည်။

၆။ ကျွန်တော်တို့အတွက် ထားရှိသော ကတိတော်ကို အတည်ပြုပေးခြင်း။ (အခန်းငယ် ၁၇-၁၈)
ငါသည် သင့်အား အစဉ်အမြဲ ကောင်းကြီးပေးမည်။ သင်၏ အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့ လည်းကောင်း၊ သမုဒ္ဒရာ သဲလုံးကဲ့သို့လည်းကောင်း၊ အစဉ်အမြဲ ပွားများစေမည်။ သင်၏ အမျိုးအနွယ်သည် ရန်သူတို့၏ မြို့များကို အစိုးရလိမ့်မည်။ သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့် ငါသည် ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏။ (ကမ္ဘာ ၂၂း၁၇-၁၈)

အာဗြဟံသည် မူလအစက ရရှိထားသော ကတိတော်ကို အလျှင်အမြန် ဖြည့်ဆည်းပေးရန် ဘုရားသခင် ဘက်က ပြင်ဆင် လေတော့သည်။ ဘုရားသခင်သည် သူ့ကို ဝတ်ပြု ကိုးကွယ်သော အာဗြဟံကို ကောင်းကြီး ပေးမည် ဖြစ်ကြောင်း အတည်ပြု ကြော်ငြာ ပေးခဲ့လေသည်။ အထက်တွင် ဝတ်ပြု ကိုးကွယ်သော အခြေခံ အချက်များကြောင့် အာဗြဟံသည် ကောင်းကြီး မင်္ဂလာကို ခံစားရသည်ဟု ယုံကြည်ပါသည်။ အကယ်၍ သင်သည် ယုံကြည်သူ တစ်ယောက် ဖြစ်သော်လည်း ခံစားသင့်သော ကောင်းကြီး မင်္ဂလာ တစ်စုံတစ်ရာကို ခံစားရမှု မရှိသေးလျှင် သင်၏ ဝတ်ပြုကိုးကွယ်မှု အခြေခံကို ပြန်လည် သုံးသပ် ရမည်ဖြစ်သည်။

နိဂုံး
ဤတရားဟောချက်သည် ခေတ်ကာလ အဆက်ဆက်တွင် ဝတ်ပြု ကိုးကွယ်ရာတွင် ပုံမှန် ဘုရားကျောင်းတွင် သွားရောက် ထိုင်နေရုံနှင့် လုံလောက်ပြီဟု ထင်နေသူများ အတွက် ရည်ရွယ် ရေးသားပါသည်။ နှစ်ပေါင်းများစွာ ယုံကြည်သူ တစ်ဦးအဖြစ် ဝတ်ပြုကိုးကွယ်ခြင်းတွင် ပါဝင်ခဲ့သော်လည်း မည်သည့် ထူးခြားချက်မျှ မခံစား၇သေး ဟုဆိုလျှင် အာဗြဟံကဲ့သို့ စစ်မှန်သော ဝတ်ပြု ကိုးကွယ်ခြင်းဖြင့် ဝတ်ပြု ကိုးကွယ်ခြင်းတွင် ပါဝင်မှုပြုကြပါရန် တိုက်တွန်း ဝေငှလိုက်ရပါသည်။

နာမတော်မြတ်၌
Rev. ဦးမင်းလွင်

https://www.4shared.com/s/fFliAPfWbee

ကိုကျော်ကျော်ဝင်း၏ သက်သေခံချက်


Sep 11, 2018

ကျန်းမာခြင်းကို ပေးသောအရှင်

ကျွန်မရဲ့နာမည်ကတော့ နော်ဖောစေးဖြစ်ပါတယ်။ ကျွန်မအမျိုးသားရဲ့အမည်ကတော့ ဦးဝင်း အောင်ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့သမီးငယ်လေး ဧပရယ်ဖော(၂) နှစ်(၅)လအရွယ်ရှိပါပြီ။ အင်းစိန် တောင်သူ ကုန်းရပ်ကွက်မှာ နေထိုင်ပါတယ်။ (၈.၉.၂၀ဝ၆)ခုနှစ် သောကြာနေ့မှာ ချောင်းဆိုးရင်ကျပ်ပြီး သတိလစ်မ လိုဖြစ်တဲ့အချိန်မှာ ကျွန်မတို့ကလေးဆေးရုံကိုသွားပြီး ဆရာဝန်တွေနဲ့ကုသခဲ့ပါတယ်။ အဲဒီညမှာပဲ ဘုရားသခင် ရဲ့ကျေးဇူးတော်ကြောင့် သဘောကောင်းတဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ တွေ့ခဲ့ရပါတယ်။ ဆရာဝန်တွေလည်း အလုပ်များခဲ့ရပါတယ်။ သမီးငယ်လေးအတွက်လည်း စိုးရိမ်ကြရပါတယ်။ ဆရာဝန် တစ်ယောက်က တို့မှာတတ်စွမ်းသမျှတွေ အကုန်လုပ်ပေးထားပါတယ်။ ကလေးရဲ့ကံဘဲရှိတော့တယ်တဲ့။ ဒီစကားကိုကြားရတဲ့ အချိန်မှာ ကျွန်မအရမ်းစိုးရိမ်ပြီး တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။

    ဒီအချိန်မှာ ဘုရားသခင်ကို သတိရပြီး ဆုတောင်းမိပါတယ်။ ကျွန်မမှာရှိသမျှအပြစ်အား လုံးကို လွှတ်ဖို့၊ သမီးငယ်လေးအသက်ရှင်ဖို့ကို အပြစ်ဝန်ချတောင်းပန်ပြီး ဆုတောင်းခဲ့ပါတယ်။ ဒီလိုနဲ့ (၁၅.၁၀. ၂၀ဝ၆) ခုနှစ်မှာ ဆေးရုံကဆင်းရပြီး သမီးငယ်လေးဧပရယ်ဖောနဲ့အတူ ဝမ်းမြောက်ပျော်ရွှင်စွာအိမ်ကို ပြန်လာ ခဲ့ရပါတယ်။ ၂၀ဝ၇ခုနှစ်မှာ သမီးငယ်လေးဟာ ဆေးရုံကိုပြန်တက်ခဲ့ရပါတယ်။ ကျွန်မရဲ့ကတိမတည် မှုကြောင့် ဆေးရုံကိုတက်လိုက်ဆင်းလိုက် လုပ်ခဲ့ရတယ်။ ချောင်းဆိုး၊ ရင်ကျပ်မကဘဲ သွေးလွန်တုပ်ကွေး လက္ခဏာပါ မြင်ရတော့ ကျွန်မ စာတန်ကို စိန်ခေါ်လိုက်တယ်၊ "နင်ငါ့ကိုဘယ်လိုပဲလုပ်လုပ် ငါကိုးကွယ်နေတဲ့ ထာဝရဘုရားသခင်ကို ငါမစွန့်ဘူး" လို့ စိန်ခေါ်လိုက်တယ်။ ဘုရားသခင်ကိုလည်း ကတိပေးခဲ့တယ်။ (သမီးငယ်လေးနဲ့အတူ အိမ်ကိုပြန်ခွင့်ရမယ်ဆိုရင် ဘုရားသခင်ရဲ့အကြောင်းကို လူတွေသိအောင် သက်သေခံ ပါမယ်ဆိုတဲ့ ကတိပဲဖြစ်ပါတယ်။)

    အဲဒီအချိန်မှာပဲ အစာမစားတဲ့သမီးငယ်လေးဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အစာပြန် စားလာပြီး ခုချိန်ထိကျန်းမာလျက်ရှိနေပါပြီ။ ကျွန်မသက်သေခံချင်တာကြာပါပြီ။ စိန်ခေါ်သံမှာ သက်သေ ခံခွင့်ရတာကို ဝမ်းသာမိပါတယ်။ သမီးငယ်လေးဧပရယ်ဖောအတွက် ဆုတောင်းခြင်းအား ဖြင့်ပါဝင်ခဲ့တဲ့ ဆရာဆလိုင်းအောင်ထွန်းခိုင်ကိုလည်း အထူးပဲကျေးဇူးတင်မိပါတယ်။ သမီးငယ်လေးဧပရယ်ဖောကို အသက် ရှင်ခွင့်ပေးခဲ့တဲ့ဘုရားရှင်ကို အထူးကျေးဇူးတင်ပါတယ်။

    ဘုရားသခင်ဟာ အလွန်ပဲကောင်းမြတ်ပါတယ်။ ကရုဏာနဲ့ပြည့်ဝပြီး သနားကြင်နာတတ်တဲ့  ဘုရား ရှင်လည်းဖြစ်တယ်။ အရာခပ်သိမ်းကို ပိုင်ဆိုင်ပြီး တန်ခိုးနဲ့လည်းပြည့်စုံပါတယ်။

 ကျွန်မအမြဲတမ်းရွတ်ဆိုခဲ့တဲ့ ကျမ်းပိုဒ်တစ်ပိုဒ်ကတော့ (ဆာလံ ၄၆း၁) "ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။"

၂၀၁၀ ခုနှစ် ဇန်န၀ါရီလထုပ် စိန်ခေါ်သံမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။ 

ဂျွန်ဝစ္စလီနှင့် ဓါးပြကြီး

ဂျွန်ဝက်စလီသည် တစ်ရက် ဟောက်စလိုးယိ(တ်) ဆိုသောအရပ်အား ညနက်သန်းခေါင်တွင် မြင်းစီး၍ ဖြတ်သန်း သွားလာခဲ့သည်။ သူသည်သူအင်မတန်နှစ်သက်သော ဓမ္မသီချင်းတစ်ပုဒ်အား သီဆိုကာ ကြည်နူးနေသည်။

ရုတ်တရက်ထွက်ပေါ်လာသောအသံကြီးက သူ့ ကိုထိတ်လန့် သွားစေသည်။ “ဟေ့ကောင် ရပ်စမ်း မင်းမသေချင် ရင် ပါသမျှပိုက်ဆံအကုန်ပေးစမ်း။” ထိုအသံပိုင်ရှင်ဓါးပြကြီးသည် သူ၏သန်မာသောလက်ကြီးဖြင့် မြင်း၏ဇက်ကြိုး ကို ဖမ်းဆုပ်ထားသည်။ ဂျွန်ဝက်စလီသည် သူ၏အိတ်ကိုဖွင့်ပြသည်။ အိတ်ထောင်တွင်း၌ ငွေအကြွေ အနည်းငယ်မှ လွဲ၍ ဘာမျှမရှိ။ သူ၏မြင်းကုန်းနှီးပေါ်ရှိအိတ်များတွင်လည်းစာအုပ်များသာရှိကြောင်း စစ်ဆေးတွေ့ ရှိရ၍ ထိုဓါးပြ သည် စိတ်ပျက်စွာဖြင့် ထိုနေရာမှလှည့်ထွက်သွားပါသည်။

နာက်မှဂျွန်ဝက်စလီက လှမ်းအော်လိုက်သည်မှာ ဟေ့ရပ် ပြန်လာခဲ့အုန်း ငါ့မှာမင်းကိုပေးစရာ တခြားအရာတွေ အများကြီး ရှိတယ်။ ဂျွန်ဝက်စလီထံသို့  ထိုဓါးပြ ပြန်လှည့်လာသောအခါ ဂျွန်ဝက်စလီက တည်ကြည်လေးနက်စွာ ပြောသည်မှာ “မိတ်ဆွေ သင်ယခုကြုံတွေ့ ရတဲ့အဖြစ်နဲ့ သင့်ဘ၀သင် ၀မ်းနည်းစိတ်ပျက်မှာဘဲ။ ဒါပေမဲ့သင်ဆန္ဒရှိမယ်ဆိုရင် သင့်ကိုကျွန်ုပ်ပြောပြချင်တာက ဘုရားသခင်၏ သားတော်ယေရှုခရစ်၏ အသွေးတော်သည် ကျွန်ုပ်တို့ ၏ အပြစ်ရှိသမျှကို ဆေးကြောတော်မူတယ်” ထိုဓါးပြသည် ထိုနေရာမှ တိတ်ဆိတ်စွာဖြင့်အလျှင်အမြန်ထွက်သွားသည်။

ဂျွန်ဝက်စလီသည်လည်း သူပြောလိုက်သောစကားသည် ထိုဓါးပြ၏ သြတ္တပစိတ်ထဲ၌ ရှိနေပါမည့်အကြောင်း စိတ်နှလုံးသား ပါလျက် ဆုတောင်းပြီးထိုနေရာမှ မြင်းစီးလျက် ပြန်ထွက်လာခဲ့သည်။

နှစ်အနည်းငယ်ကြာပြီးသောအခါ ဘုရားရှိခိုးကျောင်းကြီးတစ်ကျောင်း၏ တနင်္ဂနွေနေ့  ညနေ၀တ်ပြုစည်းဝေး အပြီး၌ လူအုပ်ကြီးသည်တံခါးပေါက်ဆီသို့ လျှောက်လာကြပြီး တံခါးပေါက်အနီးရှိ တရားဟောဆရာအားနှုတ်ဆက်ကြ သည်။ လူများထဲမှ ဂျွန်ဝက်စလီကို နှုတ်ဆက်သူတစ်ဦးသည် ဂျွန်ဝက်စလီထံသို့ လျှောက်လာပြီး ရိုသေစွာဖြင့် နှုတ်ဆက် စကား ပြောလာသည်။ ထိုသူသည် ဟောက်စလိုးယိ(တ်)အရပ်တွင် တွေ့ ခဲ့ရသောဓါးပြကြီးပင်ဖြစ်သည်။ ယခုထိုသူ သည် ဤမြို့ တွင် ကောင်းရောင်းကောင်းဝယ် စီးပွါးရှာလျက်ရှိနေသည်။

သာ၍ကောင်းသည်မှာ ယခုသူသည် ဘုရားသားတစ်ဦး ဖြစ်နေပြီး ညယံတစ်ည၌ ပြောခဲ့သောစကားတစ်ခွန်းသည် သူ့ ဘ၀ကိုပြောင်းလဲစေခဲ့သည်။ ထိုသူသည်ဂျွန်ဝက်စလီ၏ လက်ကိုကိုင်၍ ချစ်ခင်ကြင်နာစွာဖြင့်နမ်းရှုံ့ ကာ “ သင့်အားဖြင့် အရာခပ်သိမ်းကို ကျွန်ုပ်ပိုင်ဆိုင်ခဲ့ရပြီ။”

“ မဟုတ်ဘူး မဟုတ်ဘူး” ….. ဂျွန်ဝက်စလီကချက်ချင်းပြန်ပြောလိုက်ပြီး။ ကျွန်ုပ်မဟုတ်ဘူး ဆက်လက်၍ နူးညံ့သိမ်မွေ့ စွာ ဖြင့် “ယေရှုခရစ်တော်ရဲ့  အဖိုးထိုက်တန်လှသော အသွေးတော်သည် ကျွန်ုပ်တို့ ၏အပြစ်ရှိသမျှကို ဆေးကြောတော် မူတယ်။ (၁ ယော ၁း၇)


Myanmar Christian Website Facebook Page မှ ကူးယူ ဖေါ်ပြပါသည်။

Sep 2, 2018

အလိုတော်နှင့်ညီသော ကိုးကွယ်ခြင်း

ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နံဝိညာဉ် ဖြင့်လည်း ကောင်း၊ သစ္စာဖြင့်လည်းကောင်း ကိုးကွယ်ရမည်။ (ယောဟန် ၄း၂၄)

အထက်ပါ ကျမ်းတော်မြတ်အရ ကိုးကွယ်သောသူအပေါင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရာတွင် နံဝိညာဉ်နှင့်ကိုးကွယ်ရမည်။ သစ္စာလည်း ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်ရတွင် နံဝိညာဉ်ရော၊ သစ္စာရော နှစ်မျိုးစလုံးလိုအပ်ပါသည်။ သို့သော် ယနေ့ယုံကြည်သူများ ကိုးကွယ်ခြင်းအမှုပြုရာတွင် မိမိတို့ နားလည်သလိုသာ သစ္စာရှိရှိဖြင့် ကိုးကွယ်နေကြသည်ကို တွေ့မြင်နေရသည်။ ထိုသို့သော ယုံကြည်သူများ၏ အသက်တာကို လေ့လာကြည့်ပါက တနင်္ဂနွေနေ့မို့ ဘုရားကျောင်းတတ်သည်။ ခရစ်ယာန်ဖြစ်လို့ ဆယ်ဘို့ တစ်ဘို့ ထည့်သည်။ ယုံကြည်သူဖြစ်လို့ မိတ်သဟာရ အစီအစဉ်များတွင် ပါဝင်သည် . . . အစရှိသဖြင့် လုပ်ဆောင်နေကြ လုပ်ငန်းစဉ်တရပ်အနေဖြင့် သစ္စာရှိရှိ လုပ်ဆောင် ပြုမူနေကြသည်ကို မြင်တွေ့နေရပါသည်။ သူတို့နားလည်သော သစ္စာတရားကိုသာ ဦးစားပေးဆောင်ရွက်နေကြသည်ကို မြင်တွေ့နေရပါသည်။ ထိုသူတို့၏ အသက်တာတွင် နံဝိညာဉ်ဖြင့် ကိုးကွယ်နေမှုကို ရှာဖွေ၍ မတွေ့နိုင်ချေ။ နံဝိညာဉ်ဘုရားဆိုသည်ကို လည်း နားမလည်၊ ဝိညာဉ်ဖြင့် မည်သို့ကိုးကွယ်ရမည်ဆိုသည်ကိုလည်း စိတ်မဝင်စားကြချေ။
ယုံကြည်ခြင်းဖြင့် ကိုးကွယ်မှုပြုခဲ့သူ

သမ္မာကျမ်းစာထဲတွင် မိမိတို့ကို ဘုရားသခင်သခင်ပေးသည့် အသက်ဝိညာဉ်ကို ရရှိကာ ဘုရားသခင် ဖွင့်ပြသည့် ဝိညာဉ်အလင်းရသည့်အတိုင်း ကိုးကွယ်၍ သစ္စာတရားကိုလည်း ဖတ်တွယ်ကာ ကိုးကွယ်အသက် ရှင်သော သူအချို့ကို ဖော်ထုပ်လေ့လာခွန်အားယူလိုပါသည်။ ပထမဦးစွာ ကမ္ဘာဦး ကျမ်း အခန်းကြီး (၄)တွင် ကာဣန နှင့် အာဗေလ ဆိုသည်ညီအကို နှစ်ဦးအကြောင်းကို ဖော်ပြလို ပါသည်။ ထိုညီအကို နှစ်ဦးစလုံးသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအမှုကို အတူတကွ ပြုကြ သော်လည်း သမ္မာကျမ်းစာကမူ ညီအာဗေလ၏ ကိုးကွယ်ခြင်း ကိုသာ ဘုရားသခင်က လက္ခံခဲ့ကြောင်း အတည်ပြုဖော်ပြထားပါသည်။ အဘယ်ကြောင့် ကာဣန၏ ဝတ်ပြု ကိုးကွယ်ခြင်းကို ဘုရားသခင်က လစ်လျှူရှုခဲ့ပါသနည်း။
ထိုအကြောင်းအရာကို ဟေဗြဲကျမ်းတွင် ပြန်လည်ဖော်ပြရာတွင် အာဗေလသည် ယုံကြည်ခြင်း အားဖြင့် ယဇ်ပူဇော်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဘုရားသခင်ရှေ့တော်မှောက်သို့ တိုးဝင်ချဉ်းကပ်ရာတွင် ယုံကြည်ခြင်း သည် အလွန်အရေးကြီးပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ လူတစ်ဦး၏ နှလုံးသားထဲ အသက် ဝိညာဉ်ထဲက ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။
အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ် မှာ ငါရှိသည်ဟု မိန်တော်မူ၏။ (ရှင်မဿဲ ၁၈း၂၀)

ထိုကျမ်းစာအရ လူနှစ်ယောက် သုံးယောက်တို့သည် ခရစ်တော်၏နာမ၌ စုဝေးသည်ဆိုပါက ဤနေရာတွင် ကိုယ်တော်အတူတည်ရှိနေကြောင်း သင်ယုံကြည်နိုင်ပါသလား။ အကယ်၍ သင်သည် အမှန်တကယ် ယုံကြည် နိုင်သည်ဆိုပါက ဘုရားသခင်ရှေ့သို့လာရောက်သောသူတို့သည်။ အပြောအဆိုဝတ်စားဆင်ရင်ပုံကိုဂရုစိုက်ရ မည်ဖြစ်သည်။ ယုံကြည်သူများ၏ ဇာတိသဘောတို့ကိုယူဆောင်လာမည်မဟုတ်ပေ။ ဘုရားကျောင်းသို့လာ ခြင်းဖြင့် သစ္စာဝတ်ကို ပြုကြသော်လည်း မိမိတို့၏ အပြုအမူတို့သည် ဇာတိသဘောတို့ကို သယ်ဆောင် လာသောကြောင့် ဝိညာဉ်ဖြင့် ကိုးကွယ်နေသည်ဟုတ်မဆိုနိုင်ပေ ဟေဗြဲ ကျမ်းကိုရေသောသူက မမြင်ရသော အရာကို ယုံကြည်ခြင်းဖြင့်ကျင့်ဆောင်သည်ဟုတ်ဖော်ပြခဲ့ ပါသည်။ ဆိုလိုသည်မှာ ကိုယ်တိုင်မ တွေ့မမြင်သော် လည်း မိမိ၏ စိတ်ဝိညာဉ်အလင်းက ဖော်ပြသည့်အ တိုင် ယုံကြည်သောစိတ်ဖြင့် ပြုမူဆောင်ရွက်သည် ဟုဆိုလို ပါသည်။ ရောမသြဝါဒ စာထဲတွင် အာဗြဟံ ကိုယ်တိုင်က မိမိယုံကြည်သည့်အတိုင်း ပြုမူသည်ဟု ဖေါ်ပြပါသည်။ ကျွန်တော်တို့သည် ယုံကြည်သည့် အတိုင်း ပြုမူမည်ဟု ဆုံးဖြတ်ထားပါက ကျမ်းစာက ဖော်ပြသည့် အတိုင်းယုံကြည်သည် ဆိုပါက အဘယ် ကြောင့် ယုံကြည်သူများသည် ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်ရာ တွင် မိမိတို့၏ ဆန္ဒအလိုအတိုင်း ပြုမူနေကြပါသနည်း။ ထိုသို့ ပြုမူကိုးကွယ်သူများကို ကာဣန ကိုးကွယ်သကဲ့သို့ ပြုမူဆောင်ရွက်နေသော သူများဟု ဆိုနိုင်ပါသည်။ ထိုသူတို့တွင် ယုံကြည်ခြင်း မပါရှိချေ။
ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း ကိုးကွယ်ခဲ့သူများ

တဖန် ဒံယေလ အနာဂတ္တိကျမ်းတွင် ဖော်ပြထားသော အဖြစ်အပျက်ကို ပြန်လည်လေ့လာ ကြည့်ပါက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုသော လူငယ်သုံးဦး၏ အသက်တာကို မြင်တွေ့နိုင်ပါသည်။ ထိုသူတို့၏ ဝတ်ပြု ကိုးကွယ်ခြင်းကို ပြန်လည်လေ့လာကြည့်ပါက ယုံကြည်ခြင်းပါဝင်၍ သစ္စာတရားကိုလည်း ဖက်တွယ် ထားကြောင်း မြင်တွေ့နိုင်ပါသည်။ ဒံယေလ ၃း၁၇-၁၈ တွင် ထိုလူငယ် သုံးယောက်က ရဲရင်ပြတ်သားစွာဖြင့် ဘုရင်က ရှိခိုးဝတ်ပြုခိုင်းသော ရုပ်တုကြီးကို ဦးမချ ဝတ်မပြုနိုင်ကြောင်း ဘုရင်ကို ပြောဆိုခဲ့သည်။ ဘုရား သခင်က ကယ်နှုတ်မည်ဟု ယုံကြည်ခြင်း အပြည့်ဖြင့် ပြန်လည်ပြောဆိုခဲ့သည်။ အကယ်၍ မကယ်နှုတ် ခဲ့လျှင်လည်း အသက်ရှင်သော ဘုရားသခင်မှလွှဲ၍ မည်သည့်အရာကိုမျှ ဝတ်ပြု ကိုးကွယ်ခြင်း မပြုနိုင်ကြောင်း ပြောဆိုကာ ငြင်းပယ်ခဲ့လေသည်။ ထိုသူတို့၏ ဝတ်ပြုကိုးကွယ်မှုကို ကြည့်ပါ က နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာထက်ပို နက်ရှိုင်းသော ဝိညာဉ်ထဲက ယုံကြည်ခြင်းဖြင့် ဘုရားကို ကိုးကွယ်ခဲ့သည်အပြင် သစ္စာတရား ကိုလည်း ဦးထိပ်ပန်ဆင်ကာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသက်ရှင်ရပ်တည်ခဲ့လေသည်။
ယုံကြည်သူတို့သည် ဆုတောင်းချက်များကို တောင်းခံရာတွင် မိမိဆုတောင်းသည့်အတိုင်း အဖြေတစ်စုံတစ်ရာ မရခဲ့လျှင် စိတ်ပျက်လက်လျှော့သွားလေ့ရှိသည်။ ခရစ်ယာန်တစ်ဦး ဖြစ်သော ကြောင့် အသက်ရှင်သော ဘုရားကို သိကြွမ်းသူဖြစ်သဖြင့် ဆုတောင်းရမည်ဟူသော အချက်ကို သစ္စာ ရှိရှိဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဆုတောင်းချက် အဖြေမရရှိပါက စိတ်ပျက်အားငယ်ကာ ယုံကြည် ခြင်း ပျက်ပြားသွားတတ်ကြပါသည်။ ဆုတောင်းချက် အဖြေမရလျှင် မိမိအသက်တာကို ပြန်လည် ဆန်းစစ်ရမည့်အစား “ဆုတောင်းလျှင်လည်း အလကားပါဘဲ” ဟူသော အသံမျိုးသာ ထွက်ပေါ်လာ တော့သည်။ ဘုရားသခင်က ပေးနိုင်သည်၊ အရာ ခပ်သိမ်းကို တတ်စွမ်းနိုင်သည်၊ အလုံးစုံတို့ကို မစနိုင်သည် ဟူသော ယုံကြည်ချက်ဖြင့် ဘုရားသခင် ထံ တိုးဝင် ချဉ်းကပ်ကာ ဘုရားသခင်က မပေးခဲ့လျှင်လည်း မည်သို့မျှ ယုံကြည်ခြင်း ပျက်ပြားသွားမည် မဟုတ်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ယုံကြည်ဆုတောင်းသင့်ပါသည်။ သူတို့သည် ဝိညာဉ်ထဲက ကိုးကွယ်ဆုတောင်းနေသူများဟု ဆိုနိုင်ပါမည်လား။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ အသက်တာနှင့် မိမိအသက် တာကို နိုင်ယှဉ်ကြည့် ကာ မိမိ၏ အသက်တာထဲက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နေသည့် ပုံစံကို ပြန်လည် ပြင်ဆင်သင့်ပါသည်။
အချို့သော ခရစ်ယာန် ယုံကြည်သူဆိုသည့် သူများသည် မိမိတို့ကို ကယ်တင်ခြင်းငှါ မစွမ်းနိုင်သော ဗေဒင်ဆရာ၊ နတ်ဆရာများကို အားကိုးခိုလှုံကာ အထက်၊ အောက်၊ စသည့် ယုတ်ညံ့သောနည်းလမ်းတို့ကို အားကိုးမျှော်လင့်နေသော သူများတို့သည် မိမိကိုယ်မိမိ အသက်ရှင်သော ဘုရားကို ယုံကြည်သူများဟု ကြွေးကြော်ထားကြသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်နေသူများဟု မဆိုနိုင်ပါချေ။
ကိုးကွယ်မှုပြုလျှက်ပင် ဘုရားနှင့် ဝေးသွားခဲ့သူ

တဖန်ထပ်မံ၍ ဓမ္မရာဇဝင် အခန်းကြီး (၅)တွင် ဖော်ပြထားသော ဗိုလ်ချုပ်ကြီးနေမန်၏ အသက်တာကို တဖန်ဖော်ပြ လိုပါသည်။ ထိုသူသည် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော်လည်း နူနာစွဲကပ်နေ သောအခါ ဣသရေလ တိုင်း နိုင်ငံမှ ဧလိရှဲထံ သွားရောက်ကုသခံခဲ့သည်။ ယော်ဒန်မြစ် တွင် ခုနှစ်ကြိမ် နှစ်လိုက်သောအခါ နူနာပျောက်ကင်း သွားလေသည်။ ထိုအခါ အသက်ရှင် သော ဘုရားကို ဝိညာဉ်ထဲက သိကြွမ်းလာခဲ့သည်။ သို့သော်လည်း သူ၏ အနေအထားမှာ မင်းမှုထမ်းဖြစ်သောကြောင့် ရှင်ဘုရင်၏ အလိုကို ဦးစားပေးရသဖြင့် သစ္စာဖြင့် ဝတ်ပြုကိုးကွယ်နိုင်ရန် မဖြစ်နိုင်ကြောင်း ဧလိရှဲထံတွင် ဖွင့်ဟ ဝန်ခံခဲ့ပါသည်။ (၄ရာ ၅း၁၇-၁၈)တွင် ကျွန်တော် သည် မည်သည့်အခါမျှ အခြားဘုရားကို ယဇ်ပူဇော်မှုမပြုတော့ပါ။ သို့သော် သူအမှုထမ်း ခစားနေသော ရှင်ဘုရင်မှာ အခြားကို ကိုးကွယ်သောသူဖြစ်သောကြောင့် ဘုရင်နှင့် ရိမ္မာန် ဘုရားကျောင်းသို့ သွားသောအခါ ကိုယ်ဦးညွှတ်ရမည်ဖြစ်ကြောင်း ကြိုတင်ဝန်ခံထားပါသည်။ အထိုအခြေအနေကို ဧလိရှဲ သဘောက်ပေါက်နားလည်သလို ဘုရားသခင်ကလည်း ထိုသူတို့အတွက် ထူးခြားသော အပြစ်တင်ပြောဆို မှုမလုပ်ခဲ့ပါ။
ဤနေရာတွင် ပြောလိုသည့် ပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ ထိုသူမှာ ဧလိရှဲ၏ တပည့်တစ်ဦးဖြစ်သူ ဂေဟာဇိ ဆိုသူ အကြောင်းဖြစ်သည်။ သူသည် နှုတ်ခပတ်တော်များကို ဧလိရှဲထံမှ သိကြွမ်းပြီးသူ တစ်ဦးဖြစ်သဖြင့် အသက်တာ တွင် မည်သို့ ဝတ်ပြုကိုးကွယ်ရမည်ကို သိရှိနားလည် ပြီးသူတစ်ဦးဖြစ်သည်။ သို့သော် နှုတ်ခပတ်တော် နားလည်ပြီးသူဖြစ်သော်လည်း ဘုရားသခင်၏ ငြင်းပယ်ခြင်း ခံလိုက်ရသည်။ အကြောင်းမှာ နေမန်သည် နူနာပျောက်ကင်းသွားသောအခါ တန်းဘိုးရှိသော ရုပ်ဝတ္ထုပစ္စည်းများကို ပေးလှူသော်လည်း ဧလိရှဲမှာ ငြင်းပယ် ကာ မခံယူခဲ့ချေ။ ထိုအခါ တပည့်ဖြစ်သူ ဂေဟာဇိက အားမလိုအားမရဖြစ်ကာ သူ့၏ဆရာ ဧလိရှဲမသိမှီ နေမန် ထံမှ ထိုပစ္စည်းများကို တောင်းခံကာ ယူလိုက်သည်။ ဧလိရှဲသိသောအခါ ဧလိရှဲက ကျိန်လိုက်သဖြင့် နေမန်၏ နူနာမှာ ဂေဟာဇိထံ ကျရောက်သွားလေတော့သည်။
ဘုရားသခင်ထံသည် ရုဝတ္ထုပစ္စည်းများကို ပေးနိုင်သူဖြစ်ကြောင်း သိရှိသော်လည်း ယုံကြည်မှုအားနည်းသည် ဟုပြောရမည်ထင်ပါသည်။ နေမန်ထံမှ လိမ်ညာတောင်းခံခဲ့သဖြင့် သစ္စာလည်း ပျက်ခဲ့ပါသည်။ ဘုရားသခင်၏ အမှုတော်ထဲတွင် တစ်သက်လုံး ပါဝင်အသက်ရှင်နေသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာဖြင့်လည်း ကောင်း ကိုးကွယ်နေသူတော့ မဟုတ်ပါချေ။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ထဲမှာ ပါဝင်နေရင် ကျိန်စာ သင့်သွားခဲ့ပါသည်။ သင့်အသက်တာကိုလည်း ပြန်လည် ဆန်းစစ်ပါ။ မိမိကိုယ်ကို ဘုရားသခင်နှင့် အမြဲတမ်း သွားလာအသက်ရှင်နေသူ တစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားပါက အမှန်တကယ် ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း။ ကိုးကွယ်နေသူဖြစ်ပါသလား။ အကယ်၍ မိမိ၏အသက်တာသည် ဘုရားသခင် နှစ်သက်သော ကိုးကွယ်မှုမျိုးမရှိသေးပါက မိမိအသက်တာာကို ပြန်လည် ဆင်ခြင်ကာ ပြင်ဆင်မှုပြုနိုင်ရန် ဝေငှလိုက်ပါသည်။ (အာမင်)