Jun 10, 2013

ဖခင်များနေ့ ဖြစ်ပေါ်လာပုံ သမိုင်း

နောက်တစ်ပတ် တနင်္ဂနွေနေ့ဟာ ဖခင်များနေ့ ဖြစ်တာကြောင့် ဖခင်များနေ့နဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းလေးကို ဗဟုသုအနေဖြင့် မှတ်သားနိုင်စေဘို့ တတ်နိုင်သလောက် ရှာဖွေ စူစည်းပြီး ဖော်ပြလိုက်ပါတယ်။


၁၉၀၉ ခုနှစ် မှာ ကျင်းပတဲ့ မိခင်များနေ့မှာ သင်းအုပ်ဆရာက မိခင်များကို ဂုဏ်ပြုတဲ့ တရားဒေသနာကို ဟောပြောနေပါတယ်။ အဲဒီအချိန်မှာ Sonora Smart Dodd ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ဖခင်ကိုလည်း ဂုဏ်ပြုချင်တဲ့ နှလုံးသားဖြစ်လာပါတယ်။ ဒါကြောင့် ဝတ်ပြု ကိုးကွယ်မှု အစီအစဉ် ပြီးသွားတဲ့အခါမှာ သင်အုပ်ဆရာထံကို ချက်ချင်းသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မိခင်များနေ့ ရှိသကဲ့သို့ ဖခင်များနေ့ကို သတ်မှတ်ပြီး ဂုဏ်ပြုသင့်တဲ့အကြောင်း ပြောဆို တင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမ ဖခင်ရဲ့ မွေးနေ့ဖြစ်တဲ့ ဂျွန်လ (၅) ရက်နေ့မှာ ပြုလုပ်လိုကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သင်းအုပ်ဆရာက အဲဒီရက်မှာ ပြုလုပ်မယ်ဆိုရင် ပြင်ဆင်ချိန် အလွန်နည်းပါးနေလို့ တရားဟောချက် ပြင်ဆင်ဘို့ အချိန်ရအောင် ဂျွန်လ တတိယနေ့မှာ ပြုလုပ်ဘို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။

သူမရဲ့ ဖခင် ဖြစ်သူ Mr William Jackson Smart ဟာ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲမှာ ပါဝင် စစ်မှုထမ်းခဲ့တဲ့သူပါ။ သူ့ရဲ့ ဇနီးဟာ စောစောစီးစီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ နောက်အိမ်ထောင် မပြုတော့ဘဲ ကလေး (၆) ယေက်ကိုသာ ပြုစု ပျိုးထောင် သွန်သင် ကျွေးမွေးခဲ့ပါတယ်။ အဲဒီ မေတ္တာကို အပြည့်အဝ ခံစားရတဲ့ Dodd ဟာ ဖခင်ကို ဂုဏ်ပြုဘို့သာ စိတ်ထဲမှာ ဆန္ဒပြင်းပြနေပါတော့တယ်။

အဲဒီဆန္ဒကို အကောင်အထည်ဖော်ဘို့ ကြိုးစားကာ စီပွားရေးသမားများ၊ နိုင်ငံရေးသမားများနဲ့ အသင်းတော် ခေါင်းဆောင် များကို ချဉ်းကပ်ကာ နိုင်ငံတော် အသိအမှတ်ပြုတဲ့ နေ့တစ်နေ့ ဖြစ်အောင် ကြိုးစား အားထုပ်ခဲ့ပါတယ်။ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒါကြောင့် ၁၉၁၀ ခုနှစ် ဂျွန်လ တတိယပတ်မှာ ဖခင်များနေ့ အခန်းအနားကို ဝါရှင်တန် မြို့တော်ကြီးမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

အဲဒီလိုနဲ့ ဝါရှင်တန်မှာသာမက အခြားပြည်နယ်များကိုလည်း တဖြည်းဖြည်း ပြန့်နှံ့ သွားခဲ့ပါတယ်။ ၁၉၁၃ ခုနှစ်မှာ တော့ အများပြည်သူ အားလပ်ရပ်အဖြစ် အသိအမှတ်ပြုရန် ကွန်ဂရက်မှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်အထိ တစ်နေရာနဲ့တစ်နေရာ နေ့ရက်တွေက မတူညီဘဲ ကိုယ့် အစီအစဉ်နဲ့ ကိုယ် အစဉ်ပြေသလိုသာ လုပ်ဆောင်နေခဲ့ကြပါတယ်။ ၁၉၁၆ ခုနှစ်မှာ သမ္မတ Woodrow Wilson က ဖခင်များနေ့ ကျင်းပတဲ့ ဝါရှင်တန်ပြည်နယ်ကို သွားရောက်ပြီး အစီအစဉ်တစ်ခုမှာ မိန့်ခွန်း ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး အသိအမှတ်ပြုနိုင်တဲ့ အခြေအနေရောက်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ကွန်ဂရက်က အဲဒီကိစ္စကို သဘောမတူညီခဲ့ဘဲ ပယ်ချခဲ့တာကြောင့် တစ်ဖန် ပြန်လည်ပြီး အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတော် အသိအမှတ်ပြု နေ့ရက် အဖြစ် သမ္မတ Calvin Coolidge ကြော်ငြာပေး ခဲ့တာ ကတော့ ၁၉၂၄ ခုနှစ် ရောက်မှ ဖြစ်ပါတယ်။


ဒါပေမဲ့အဲဒီလို ကြော်ငြာပေးခဲ့ပေမဲ့ တကယ့်တစ်ကယ် အတည်ဖြစ်သွားခဲ့တာကတော့ ၁၉၆၆ ခုနှစ် ရောက်တဲ့အခါမှ သမ္မတကြီး Lyndon B. Johnson က နှစ်စဉ် ဇွန်လ၏ တတိယပတ် စနေနေ့နေ့မှာ တစ်နိုင်ငံလုံးတွင် ကျင်းပရန် သတ်မှတ်လိုက်လေတော့သည်။ အဲဒီလို သမ္မတက နိုင်ငံတော် အစီအစဉ်နဲ့ နှစ်စဉ် ကျင်းပဘို့ သတ်မှတ်ပေးလိုက်တာတောင် တော်တော်ကြာမှ တစ်နိုင်ငံလုံးမှာ အတည်ဖြစ်သွားပါတယ်။ အဲဒီလိုဖြစ်လာဘို့ နောက်ထပ် (၆) နှစ် ထပ်မံ အချိန်ယူရပြန်ပါတယ်။ ၁၉၇၂ ခုနှစ် သမ္မတ Richard Nixon လက်ထက်ရောက်မှ လက်မှတ်ထိုးတာကြောင့် နိုင်ငံတော်ရဲ့ ဖခင်များနေ့အဖြစ် အတည်ဖြစ်သွားခဲ့ပါတယ်။

နောက်ပိုင်းတွင် အခြားနိုင်ငံများကလည်း ထိုအစီအစဉ်ကို သဘောကျ နှစ်ချိုက်ပြီး လိုက်လံ ကျင်းပခဲ့ကြတယ်။ ဒါပေမဲ့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နေ့ရက်များမှာ မတူညီကြပါဘူး။ အများစု ကျင်းပကြတဲ့ နေ့ရက်ကတော့ ဇွန်လ၏ တတိယပတ် တနင်္ဂနွေနေ့သာ ဖြစ်ပါတယ်။

ဖခင်များနေ့ကို ကျင်းပဘို့ ဦးစွာ လှုံ့ဆော်မှုပြုခဲ့တဲ့ အမျိုးသမီးကြီး Sonora Smart Dodd ဟာ ချီကာဂိုမြို့မှာ ရှိတဲ့ အနုပညာ တက္ကသိုလ်မှာ ပညာသင်ကြားခြဲု့ပီးနောက် ၁၉၇၄ ခုနှစ် အရောက်မှာတော့ အသက် (၉၄) အရွယ်မှာ ကောင်းကင်ဘုံကို ဝင်စားသွားတယ်လို့ သိရပါတယ်။

ဤစာမျက်နှာကို အောက်ပါ website များကို အခြေပြုပြီး သင့်လျှော်သလို အကျဉ်းချုပ် စီစဉ်ကာ ဘာသာပြန် ဖော်ပြပေးပါသည်။

http://en.wikipedia.org/wiki/Father%27s_Day

http://www.history.com/topics/fathers-day

http://www.fathersdaycelebration.com/fathers-day-history.html

ဘုရားသခင် ကောင်းကြီးပေးပါစေ။

နာမတော်မြတ်၌

မင်းလွင်