Jun 22, 2012

ဟာဗက္ကုတ်ကျမ်းမှ သင်္ခန်းစာများ

ယနေ့ လောကတွင် ရှိကြသော သူများတွင် ယုံကြည်သူ ဖြစ်စေ၊ မယုံကြည်သူဖြစ်စေ၊ လူမျိုး တိုင်း၊ နေရာတိုင်းတွင် ဖိစီးမှုများဖြင့် အသက်ရှင်နေကြရသူများ ဖြစ်ကြပါသည်။ ဖိစီးမှုအမျိုးမျိုး ရှိကြ သည်။ အချို့က သားသမီးများအတွက် စိတ်ဖိစီးမှု ရှိကြသလို၊ အချို့က စားဝတ်နေရေး၊ အချို့က ပညာရေး၊ အချို့က အိမ်ထောင်ရေး၊ အချို့က လုပ်ငန်းကိုင်ငန်း၊ . . . အစရှိသဖြင့် ဖိစီးမှု အမျိုးမျိုးကို ခံစားကြရပါသည်။ ဖိစီးမှုဆိုသည်မှာ မိမိ၏ အလိုဆန္ဒနှင့် မကိုက်ညီသောအရာ၊ မိမိတို့ မခံစားချင်သော အရာများ ဖြစ်လာပြီဆိုပါက ဖိစီးမှု စတင်ခံစားလာရပါသည်။ မိမိတို့ မဖြစ်ချင်သော အရာဆိုသည် ဖြစ်ချင် သောအရာနှင့် ဆန့်ကျင်ဘက်မဟုတ်ပါလော။ လိုချင်သောအရာကို ဆန္ဒ၊ တပ်မက်မှု ဟုခေါ်သည်။ လိုချင် သောအရာများ မဖြစ်လာတိုင်းသည် ဖိစီးမှုမဟုတ်။ ဖြစ်သင့်သော အရာများ ဖြစ်မလာခြင်းသည်သာ ဖိ စီးမှု ဖြစ်သည်။

ဖိစီးမှုဆိုသည်မှာ ကျွန်တော်တို့လူမျိုးတွေရဲ့ သာမာန် ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါတယ်။ သင့်ထံတွင် ဖိစီးမှုများရှိသည်။ ကျွန်ုပ်တို့ထံတွင် ဖိစီးမှုများ ရှိပါသည်။ ဖိစီးမှုများသည် ကျွန်ုပ်တို့၏ ဘဝ အသက်တာကို အကျိုးမပြုပါ။ ယခုနောက်ပိုင်းတွင် သိရှိခံစားလာသည်မှာ ဖိအားဆိုသော အရာသည် တစ်စုံတစ်ရာကို ပြုပြင်ပြောင်းလဲရန် အချက်ပြဒိုင်ခွက်တစ်ခုသာ ဖြစ်ကြောင်း နားလည်လာပါတော့သည်။

ထိုအကြောင်းအရာများကို ဟာဗက္ကုတ် အနာဂတ္တိကျမ်းမှ လေ့လာဖတ်ရှုကြည့်ကြပါစို့။

ဟာဗက္ကုတ်ခံရသော ဖိစီးမှုဝေဒနာနှင့် မေးခွန်းများ

ပရောဖတ်ကြီး ဟာဗက္ကုတ်သည် ပရောဖတ်ကြီး ယေရမိနှင့် ခေတ်ပြိုင် ပရောဖတ်ကြီးတစ်ပါးဖြစ် သည်။ ယေရမိသည် ယုဒတိုင်းပြည် ဗာဗုလုန် လက်အောက် မရောက်မီ ယုဒလူမျိုးတို့ကို ဘုရားသခင်၏ အ ကြံအစည်တော်နှင့် ယုဒ တိုင်းပြည်ကြီး ပျက်စီးမည့် အကြောင်းကို လူများက မကြိုက်မနှစ်သက်သော အ ကြောင်းအရာ အသေအချာ ဟောပြော သတိပေးခဲ့သည်။ သို့သော် ယုဒ လူမျိုးများက ယေရမိ၏ စကားကို ယုံကြည်ရမည့်အစား ထိုသို့ဟောပြောခြင်းအတွက် အပြစ်တင် ပြောဆိုကြသည်။ နှုတ်ခပတ်တော်က အမှန်တစ်ကယ် ပြည့်စုံလာခဲ့ပါသည်။ ယုဒတိုင်းပြည်ကြီး တစ်ခုလုံး ဗာဗုလုန် လက်အောက်သို့ ကျရောက် သွားလေတော့သည်။ ထိုကာလတွင် အသက်ရှင်ခဲ့သော ပရောဖတ် ဟာဗက္ကုတ် ကြီးသည် ထိုအခြေအနေကြာင့် ကြီးမားစွာ စိတ်ဖိစီးမှု ခံစားခဲ့ရသည်။ ဟာဗက္ကုတ်ဆိုသော အမည်၏ အဓိပ္ပါယ်မှာ"နဗန်လုံးခြင်း"ဟူ၍ဖြစ်ပါသည်။ သူဘဝအသက်တာ တစ်လျှောက်လုံးတွင် ပြဿ နာများဖြင့် နဗန်းလုံးခဲ့ရဟန် ရှိပါသည်။ သူသည် ယုဒလူမျိုးတို့ ခံစားရသော ဒုက္ခဝေဒနာများကို မြင်တွေ့ခံ စားရပြီး စိတ်ဖိစီးမှုဖြစ်ကာ ဘုရားသခင်ထံ အော်ဟစ်မေးမြန်းလေတော့သည်။

ဘုရားသခင်ထံ မေးမြန် သည်ဆိုသည်မှာ ဘုရားသခင်ကို ကိုးကွယ်နေခြင်း ပုံသဏ္ဍာန်တစ်မျိုးသာ ဖြစ်သည်။ ဆာလံကျမ်းများတွင် ပြန်လည်လေ့လာဖတ်ရှုကြည့်ပါက ဆာလံဆရာက သူခံစားရသော အရာ များကို မေးခွန်းပုံစံဖြင့် မေးမြန် အော်ဟစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ဆာလံ ၁၀း၁ ကို ဖတ်ကြည့်ပါက "အိုထာဝရဘုရား ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေး ရပ်နေတော် မူပါသနည်း။" ဟု ဘုရားသခင်ကို အော်ဟစ်ခဲ့ပါသည်။ ထိုကဲ့သို့ အော်ဟစ်မေးမြန်ရာတွင် ဘုရားသခင်ကို အပြစ်တင်သော သဘောမဟုတ်။ ဘုရားသခင်ကို ကိုးကွယ် နေသည့်အချိန်တွင် ဘုရားသခင်၏ အကူအညီကို မြန်မြန် ရလိုသောကြောင့် အော်ဟစ် နေခြင်းသာ ဖြစ်သည်။ ဆာလံ ၁၃း၁ တွင် အို ထာဝရဘုရား၊ ကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံးမေ့လျော့တော် မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း။ ဟူ၍ ဘုရားသခင်ကို မေးခွန်းထုပ် ရေးသားထားသည်ကို တွေ့ရပါသည်။
အထက်ပါ ကျမ်းပိုဒ်တွင် ဆာလံဆရာသည် မိမိခံစားရသော စိတ်ဖိစီးမှုများအတွက် ဘုရားသခင် ထံ အော်ဟစ်ခဲ့သော မေးခွန်းဖြစ်ပါသည်။ သူသည် ခံစားရသော ဒုက္ခဝေဒနာမှာ အလွန်ကြီးမားသည်ဟု ခံ စားသိရှိ နိုင်ပါသည်။ ဤနေရာတွင် ဖော်ပြလိုသည်မှာ အင်္ဂလိပ်ဘာသာစကားတွင် Question ဆိုသည်မှာ မေးခွန်းဖြစ်ပြီး Quest ဆိုသောစကားလုံးမှ လာပါသည်။ Quest ဆိုသည်မှာ "စူးစမ်းရှာဖွေသည်" ဟု အဓိပ္ပါယ် ရှိပါသည်။ ဘုရားသခင်ကို အော်ဟစ်မေးမြန်းသည် ဆိုရာတွင် အဖြေရှာခြင်း တစ်မျိုးဖြစ်သည်။ လက်ရှိဒုက္ခပြဿနာအတွက် အဖြေရှာခြင်း တစ်မျိုးဖြစ်သည်ဟု ဆိုလိုပါသည်။ ကျမ်းစာထဲတွင် ဘုရားသ ခင်ကို မေးခွန်းများ မေးမြန်ပြီး ကိုးကွယ်မှုပြုခဲ့သော ယုံကြည်သူ အများအပြားကို ဖတ်ရှုတွေ့ရှိနိုင်ပါသည်။

ဘုရားသခင်၏ အဖြစ်တော်များကို ဝန်ခံခြင်း

ဘုရားသခင်ကို မေးခွန်းများ မေးမြန်းခဲ့သော ဟဗက္ကုတ်သည် ဘုရားသခင်၏ ကတိတော်နှင့် အကြံအစည် တော်များကိုလည်း သိရှိထားသော သူလည်း ဖြစ်သည်။ ဘုရားသခင်သည် မည်ကဲ့သို့သော ဘုရားမျိုး ဖြစ်သည်ကိုလည်း သိထားသည်။ ကျွန်တော်တို့သည် ဘုရားသခင်ကို သိကျွမ်းသည့်အခါ ထို ဘုရား၏ တန်ခိုးတော်နှင့် အဖြစ်တော် တတ်နိုင်စွမ်းတို့ကိုပါ သိရှိဘို့ လိုအပ်ပါသည်။ ကျမ်းစာထဲတွင် ဘုရားသခင်က သူ၏အမည်နာမများကို အလျှင်းသင့်သလို ဖော်ပြလေ့ရှိပါသည်။ အထူးသဖြင့် ကမ္ဘာဦး ကျမ်းမှစသော ရှေ့ပိုင်း (၅)ကျမ်းတွင် အမည်နာမကို ဖေါ်ပြရာတွင် ဖန်ဆင်းခြင်းအပိုင်းများတွင် အီလိုဟင် ဘုရား (Elohim) အဖြစ်သော် လည်ကောင်း၊ အဒေါနိုင်း (Adonai) အဖြစ်သော်လည်းကောင်း၊ ရာဝေ (Yahwah) အဖြစ်သော်လည်း၊ အမည်များဖြင့် ဖေါ်ပြခဲ့ပါသည်။ ဘုရားသခင်၏ အမည်နာမများတွင် သူ၏ ဂုဏ် အရည်အချင်း များလည်း ကိုယ်စားပြု နေပါသည်။ ဥပမာ ကမ္ဘာဦး ကျမ်းထဲတွင် အယ်ရှဒိုင်း (El Shadaai)ဟူ၍ အမည်နာဖြင့် ဖော်ပြလိုက်တိုင်း မြန်မာဘာသာပြန် ကျမ်းစာတွင် အနန္တတန်ခိုးရှင်ဟု ဖေါ်ပြ ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာခပ်သိမ်းကို တပ်စွမ်းနိုင်သော အရှင်၊ အလုံးစုံတို့၏ အရှင် အဖြစ်ဖေါ်ပြလျက် ရှိပါသည်။

ဆာလံ ၉၄း၂၂ တွင် "ထာဝရဘုရားသည် ငါ၏ရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခို လှုံရာကျောက်ဖြစ်တော်မူ၏။" ဟု ရေးသားကာ ဆာလံဆရာက သူကိုးကွယ်သော ဘုရားသခင်သည် ရဲတိုက်ဖြစ်ကြောင်း ခိုလှုံ အားကိုးနိုင်သော အရှင်ဖြစ်ကြောင်း ဝန်ခံကြွေးကြော် ဖော်ပြထားသည်ကို မြင် တွေ့နိုင်ပါသည်။

ဟာဗက္ကုတ်သည် ပထမပိုင်းတွင် ဘုရားသခင်ကို မေးခွန်းများဖြင့် မေးမြန်းပြီး ဆုတောင်းခဲ့သော် လည်း နောက်ပိုင်းတွင် ဘုရားသခင်၏ အဖြစ်တော်များကိုလည်း ဝန်ခံခဲ့ပါသည်။ ဟာဗက္ကုတ် ၁း၁၃ တွင် "ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စိရှိတော်မူ၏။"ဟူ၍ ဘုရားသခင်၏ အဖြစ်တော်ကို ဝန်ခံ၍ ချီးမွမ်းခဲ့သည်ကို တွေ့မြင်ရပါသည်။

နက်ရှိုင်းစွာဆက်ကပ်ပါ။
ဟာဗက္ကုတ်သည် သူခံစားရသမျှ စိတ်ဖိစီးမှုနှင့် အဆင်မပြေမှုများကို ဘုရားသခင်ထံတွင် မေးခွန်းများလည်း မေးခဲ့သည်။ ထိုဘုရားကို ချီးမွမ်းခြင်းနှင့် ဘုရားသခင်၏ အဖြစ်တော်များကိုလည်း ဝန်ခံမြွတ်ဆိုခဲ့သည်။ ပြီးသောအခါ ဟာဗက္ကုတ် မြွတ်ဆိုခဲ့သည်မှာ

ငါသည် လင့်စင်ပေါ်တွင် ရပ် လျက်၊ ရဲတိုက်တွင် အမြဲနေလျှက်၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်၎င်း ငါစောင့်လျက်နေစဉ်တွင် (ဟာဗက္ကုတ် ၂း၁)။

ဟာဗက္ကုတ်သည် ဘုရားသခင်ထံမှ အဖြေကို မြော်လင့်နေပါသည်။ လင့်စင်ပေါ်တွင် ရပ်နေသည် ဆိုသည်မှာ ဘုရားသခင်ရှိရာ အမြင့်ဆုံအရပ်မှ ကိုယ်တော်ကို စောင့်စားနေသည်ဟူ၍ လည်းကောင်း၊ ရဲတိုက်တွင် အမြဲ ရပ်နေသည် ဆိုသည်မှာ ဘုရားသခင် ရှိသောနေရာတွင်မှာပင် ရပ်တည်လျှက်နေသည်ဟု ဆိုနိုင်ပါသည်။

အချို့ယုံကြည်သူများသည် မိမိတို့၏ ပြဿနာ ဒုက္ခများ၊ ဖိစီးမှုများ အတွက် ဘုရားသခင်ထံမှ မစမှု အကူအညီ ရယူလို ကြသော်လည်း ဘုရားသခင်၏ရှေ့ မျက်မှောက်တော်တွင် ရှိမနေကြဘဲ၊ မိမိတို့၏ စိတ်အလို ဆန္ဒများဖြင့်သာ အသက်ရှင်နေကြသည်။ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသက်ရှင် သောသူများကို ဘုရားသခင်က သိမှတ်ပြီးသား ဖြစ်သည်။ ကျမ်းစာထဲတွင် မောရှေသည် ပြဿနာ အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရသည့်အခါ သူသည် ဘုရားသခင်၏ မျက်မှောက်တော်တွင်သာ တိုးဝင်ခဲ့သည်။ ထိုကဲ့သို့ တိုးဝင်မှုကြောင့် ပြဿနာ အသီးသီးကို ဖြေရှင်း အဖြေရှာနိုင်ခဲ့လေသည်။

ဟာဗက္ကုတ်သည် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်မှုကြောင့် ဘုရားသခင်ထံမှ ကြားရမည့် အဖြေ စကားကို မျှော်လင့်နိုင်သော အခြေအနေတွင် ရှိနေပါသည်။ ဘုရား သခင်ကလည်း သူ့ထံသို့ အဖြေပေးခဲ့ပါ သည်။ ထိုအဖြေမှာ မြင်ရသော ရူပါရုံကို ပြေးနေသောသူ ဖတ်နိုင်အောင် စာဖြင့်ရေးမှတ်ပါ။ ထိုရူပါရုံမှာ ကြုံ ဆုံရသော အမှုပြီးဆုံးရမည့် ကာလဖြစ်သည်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ ယခုခံစားနေရသည့် ဖိစီမှုများ သည် မကြာခင်မှာ ပြီးဆုံးသွားပါလိမ့်မည်ဟု ဆိုနေပါသည် ကျမ်းထဲတွင် "ဆိုင်းသော်လည်း မြှော်လင့် လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လာလိမ့်မည်။"(ဟာဗက္ကုတ် ၂း၃) ဘုရားသခင်က အသေအချာ ပင် ပြောဆိုနေပါသည်။ လက်ရှိ ခံစားနေရသော ဖိစီးမှုများသည် နောက်မကျဘဲ ဧကန်အမှန် ဖယ်ရှားပေး မည်ဖြစ်ကြောင်း ပြောဆိုနေပါသည်။ ထိုအဖြေမှာ ဟာဗက္ကုတ်အတွက် ဝမ်းမြောက်စရာဖြစ်ပေသည်။ သူအ လိုချင်ဆုံးသော အရာကို ဘုရားသခင်က ပေးလိုက်ပြီဖြစ်ပါသည်။ သင့်ဘဝအသက်တာတွင် ဖိစီးမှုများ ခံ စားနေရသောအခါ ဘုရားသခင်၏ မျက်မှောက်တွင် နေလိုက်ပါ။ ဘုရားသခင်ထံက ဝမ်းမြောက်စရာ စကားများ ကြားရမည် ဖြစ်ကြောင်း ဟာဗက္ကုတ်က သက်သေခံနေပါသည်။

ဟာဗက္ကုတ်၏ ချီးမွမ်းသီချင်း
ဟာဗက္ကုတ်အနာဂတ္တိကျမ်းကို သေချာစွာလေ့လာသော အခန်း (၃)ခန်းရှိပါသည်။ ပထမ အခန်းမှာ ဘုရားသခင်ထံ မေးခွန်းများမေးမြန်ပြီး၊ အော်ဟစ်ကာ ဘုရားသခင်ကို တောင်းလျှောက်သည့်အရာများ တွေ့ရပါသည်။ ဒုတိယအခန်းတွင် ဘုရားသခင်ထံမှ ပြန်လည်ဖြေကြားသောအရာများကို တွေ့မြင်ရမည် ဖြစ်ပြီး နောက်ဆုံး တတိယအခန်းမှာ ဟာဗက္ကုတ်မှ သီဆိုချီးမွမ်းသော သီချင်းကိုမြင်တွေ့ဖတ်ရှုရမည်ဖြစ် ပါသည်။ ဘုရားသခင်ထံမှ အဖြေရသော ဟာဗက္ကုတ်သည် ယခုအခါ ဝမ်းမြောက်ခြင်းနှင့် ချီးမွမ်းနေပါသည်။ ချီးမွမ်းခြင်းတွင် နောက်ဆုံးအပိုင်းမှ အကြောင်းအရာသည် ဟာဗက္ကုတ်အနေဖြင့် မည်မျှဝမ်းမြောက်နေသည် ကိုမြင်တွေ့ခံစားနိုင်ပါသည်။ ဟာဗက္ကုတ် ၃း၁၇-၁၈ကိုဖတ်လျှင်

သင်္ဘော သဖန်းပင် မပွင့်ရ။ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ ကျေးဇူးကို မြှော်လင်၍မခံရ၊ လယ် တို့သည် အသီးအနှံကိုမပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုတ်၌ နွားမရှိရ။ သို့သော်လည်း ထာဝရ ဘုရား၌ ငါဝမ်းမြောက်၍ ငါ့ကို ကယ်တင် တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။ အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ ဖြစ်တော်မူ၏။ ငါ့ခြေကိုသမင်ခြေ ကဲ့သို့ ဖြစ်စေ၍ ငါ၏မြင့်ရာ အရပ်ပေါ်မှာ ငါ့ကို နေရာချထားတော်မူမည်။ (ဗက္ကုတ် ၃း၁၇-၁၈)

မိမိတို့၏ ခြံဥယျာဉ် စိုက်ခင်းများတွင် သင်္ဘောသဖန်းပင် မပွင့်သည်ဖြစ်စေ၊ သံလွင်ပင်မှ ဆီမရလျှင် ဖြစ်စေ၊ လယ်ယာထဲတွင်လည်း မည်သည့်အပင်မှ မဖြစ်ထွန်းသည်ဖြစ်စေ၊ မွေးမြူရေးခြံထဲတွင်လည်း သိုးများ၊ နွားများ မရှိသည်ဖြစ်စေ၊ ဘုရားသခင်ကို အမြဲတမ်း ချီးမွမ်းနေမည်၊ မည်မျှပင် ခက်ခဲသောအခြေ အနေများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ ဘုရားသခင်ကိုသာ အမှီပြုလျှက် ချီးမွမ်းနေမည်ဟု ဆိုပါသည်။ ခက်ခဲ သောအခြေအနေများကို ရင်ဆိုင်ရန် သတ္တိရှိလာပြီဖြစ်သည်။ ဘုရားသခင်ကြောင့် သူသည် အစွမ်းသတ္တိ များနှင့် ပြည့်စုံနေပြီ ဟု ဝါကြွားဝမ်းမြောက်နေပါတော့သည်။ သင့်ဘဝအတွက် ဟာဗက္ကုတ်ကျမ်းမှ ဝမ်းမြောက်စရာ သင်္ခန်းစာကို ဝေငှတင်ပြလိုက်ပါသည်။ အယောက်စီတိုင်းအပေါ်တွင် ကောင်းကြီးမင်္ဂလာ သက်ရောက်ကြပါစေ။ အာမင်